(Unicode)"အ! အင့်!"
"ပြွတ်စ်! ပလပ်! ပြွတ်စ်"
"ဟင်းးးးးးးအ! ဖြေးဖြေးစုတ်လေ"
(တမျိုးမထင်ကြပါနဲ့ဦးလို့
သတိပေးချင်ပါတယ်စင့်:) )လည်ပင်းကသွေးကြောနေရာမှာ စိုက်ဝင်နေတဲ့ အစွယ်၂ချောင်း။ ပခုံးကိုဖက်တွယ်ထားတဲ့လက်သွယ်သွယ် ၂ဖက်နဲ့ ပေါင်ပေါ်ခွထိုင်နေတဲ့ကိုယ်လုံးလေးကြောင့် ချန်းယောလ်မှာလှုပ်မရ ပြုမရဖြစ်နေလေရဲ့။
လည်းပင်းကသွေးတွေကို အားရပါးရစုတ်ယူနေတဲ့ ဘတ်ခ်ဟျွန်းကတော့ ချန်းယောလ်ရဲ့ အခြေအနေကိုမသိပေ။
အချိန်တခုကြာသွားတော့မှ ဘတ်ခ်ဟျွန်းက ဖယ်ခွါလာတော့တယ်။ အစွယ်ထွက်သွားတဲ့လည်ပင်းနေရာကအပေါက်၂ပေါက်ကိုလည်း နှုတ်ခမ်းကနေတခုခုရွတ်ပြီး အနမ်းပေးကာ ပျောက်ကင်းစေခဲ့သေးတယ်။အပေါက်တွေကပျောက်သွားပေမဲ့ နာကျင်မှုကတော့ အနည်းငယ်ကျန်နေသေးတယ်။
ချန်းယောလ်ကိုကြည့်လာတဲ့မျက်ဝန်းတွေက နီရဲနေသေးပေမဲ့ အသိစိတ်ကပ်နေပုံရတာကြောင့် သူမေးလိုက်တယ်။
"ဘယ်လိုနေလဲ?!ဆာနေသေးလား?!"
လို့လည်းပြောလိုက်ရော ငိုမဲ့မဲ့မျက်နှာလေးနဲ့ လည်ပင်းကိုသိုင်းဖက်လာပြန်တယ်။
ချန်းယောလ်မှာတော့ သူမေးလိုက်တာ ဘာမှားသွားလို့ အခုလို ငိုမဲ့မဲ့ဖြစ်သွားရတာလဲလို့ မနည်းစဉ်းစားနေရတော့တယ်။
"ဘာဖြစ်သွားတာလဲ?!ဟျွန်းနီး!"
ဆိုပြီး သူ့ကိုယ်ကိုခွါကာမေးတော့ ခွါလို့မရ-_-
အတင်းပြန်ဖက်ထားတယ်။"ပြောလေ ဟျွန်းနီးရဲ့"
"ငါ ဟင့် တောင်းပန်ပါတယ် မင်းသွေးတွေကို အများကြီးသောက်မိသွားလို့ ဟင့်~"
ပြောသွားတဲ့ပုံလေးက တကယ့်ကိုအူးယားစရာလေးပဲ။ အများကြီးသောက်မိလို့ တောင်းပန်တာတဲ့
အားးးးးးးးငါအသည်းယားလွန်းလို့ ဖျစ်ညစ်ပစ်ချင်မိတယ်။"အင့်! ယောလ်! ဖြေးဖြေးဖက်လေ"
အတွေးထဲက ဖျစ်ညစ်မှုက လက်တွေ့ဆန်သွားသောအခါ-_-
YOU ARE READING
The little vampire is my soulmate(Complete)
Vampiro"ငါ့သက်တမ်းကနုနုလေးကို ဘာတဲ့? ဝိညာဉ်ဖက်ရှာတော့တဲ့" #Baekhyun "မင်းငါ့ကိုလိုက်ကပ်နေတာ ငါ့ဆီကဘာလိုချင်လို့လဲ?" #Chanyeol #Chanbaek