Part-16

320 39 29
                                    


(Unicode)

ဆိုးလ်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်ဖြစ်သည်။

အသက်၄၀ကျော်အမျိုးသမီးတစ်ဦးက လေဆိပ်ထဲကထွက်လာမဲ့ လူတစ်ယောက်ကို အပြင်မှာရပ်စောင့်နေ၏။

ခနကြာတော့ လေဆိပ်ထဲကနေ ထိုအမျိုးသမီးနဲ့ရွယ်တူ အမျိုးသမီးတစ်ယောက်ထွက်လာ၏။

လေဆိပ်ထဲကထွက်လာတဲ့အမျိုးသမီးက အပြင်မှာရပ်စောင့်နေတဲ့ သူ့ငယ်သူငယ်ချင်းဖြစ်သူ ဂျိုယောင်းဟီကိုမြင်လိုက်ရချင်းချင်းပြေးဖက်တော့တယ်။

"ဂျိုယောင်းဟီ!!!!ငါ့နင့်ကိုသတိရနေတာ"

ဟယ်ရင်ဆိုတဲ့အမျိုးသမီးလည်း ပြုံးရွင်ကာပြန်ဖက်ပြီး

"ငါလည်းနင့်ကိုသတိရနေတာ ကင်မ်ဒါယောင်းရဲ့"

နှစ်ယောက်အတူပွေ့ဖက်ပြီးသွားတော့ ဒါယောင်းဆိုတဲ့အမျိုးသမီးက...

"နင်ရော နေကောင်းတယ်မလား?! ဘယ်လိုလဲ! တခြားနေရာမှာနေနေရတော့ ရာသီဥတုအဆင်ပြေရဲ့လား?!"

"ပြေပါတယ်ဟယ်  နင်ရောနိုင်ငံခြားမှာနေရတာအဆင်ပြေတယ်မလား?!"

"ဒါပေါ့ စစရောက်ချင်းတော့နည်းနည်းခက်တာပေါ့"

"ငါလည်းအတူတူပဲ ဒါနဲ့နင့်ယောကျာ်းကော
မလိုက်လာဘူးလား?!"

"သူကနောက်မှလာလိမ့်မယ် ငါကနင်နဲ့တွေ့ချင်းလွန်းနေတာရယ် နောက်ပြီး အဟင်း ငါတို့ငယ်ငယ်ကတိုင်ပင်ထားတဲ့ကိစ္စလေးလည်း အခုအကောင်အထည်ဖော်ရင်ကောင်းမလားလို့"

"ဟားဟား ငါလည်းအဲ့ကိစ္စပြောမလို့ နင်ဆီဆက်သွယ်ခဲ့တာ အခုတော့ နင်ဘက်ကအဆင်ပြေရင် အတူတူအကောင်ထည်ဖော်ကြတာပေါ့"

"မပြေစရာအကြောင်းရှိမလား?! သိပ်ပြောတာပေါ့
နင်ရော ငါရော အကျိုးအမြတ်တွေကြီးပဲလေ ဟားဟား"

"အေးအေး ဟုတ်တယ် ဒါနဲ့ နင်အခု ခရီးပန်းလာတာမလား?! နင့်အိမ်အရင်ဝင်နားမလား?!"

"ရတယ် ငါ့အိမ်အရင်သွားမယ်လေ ပြီးတော့အဲ့မှာဆက်တိုင်ပင်ကြတာပေါ့"

"Ok လာသွားကြမယ် ပေး နင့်အထုတ်တွေ"

နောက်တော့ လေဆိပ်ထဲကနေကားဖြူလေးတစ်စီး ထွက်သွားလေရဲ့။

The little vampire is my soulmate(Complete)Where stories live. Discover now