Part-4

388 49 48
                                    


(Unicode)

ချန်းယောလ်တယောက် သူရှေ့ကမျက်လုံးအပြူးသားလေးနဲ့ မော့ကြည့်နေတဲ့ ကောင်ငယ်လေးကို အကြောင်သားပြန်ကြည့်နေမိတယ်......

မျက်ရစ်မရှိတဲ့မျက်ဝန်းလေး​ကို linerပါးပါးလေးခြယ်ထားတယ်...ပြာလဲ့လဲ့မျက်စံလေးတွေက မျက်ကပ်မှန်လား?အစစ်လားဆိုတာမသဲကွဲ?!

နဖူးကျင်ကျင်လေးပေါ်ကို ခပ်အုပ်အုပ်ကျနေတဲ့ပျားရည်ရောင်ဆံသားနုနုလေးတွေ....ဖြောင့်စင်းပြီးအနားသပ်လုံးဝန်းနေတဲ့ နှာတံလုံးလုံးလေးနဲ့ ပါးဖောင်းဖောင်းလေးနှစ်ဖက်...နောက်ပြီးနှင်းဆီရောင်နှုတ်ခမ်းပါးရဲရဲလေးတို့က ဖြူဖွေးစွတ်နေတဲ့အသားအ​ရည်နဲ့ ပနံသင့်နေပြန်တယ်....
(Vampireတွေက လူ့အသားအရည်ထက်ပိုပြီးဖြူဖွေးစွက်နေတာတော့သိကြတယ်မလား?!)

What the!!!!!!!!!!!!!!!

သူလိုခပ်ထန်တည်ငြိမ်တဲ့လူက အခြားလူတယောက်ကိုအသေးစိတ်ကြည့်နေမိတယ်တဲ့လား???

ကျစ်! ပတ်ချန်းယောလ်တို့imageပျက်ပါပြီ-_-

အင်းးးးးးသူမရိပ်မိခင်အမြန်ပြင်မှပဲ.....

"အဟမ်း! မင်းဒီနေ့ကြည့်လို့ပြီးဦးမှာလား?!"

သူချောင်းဟန့်ပြီး မျက်မှောင်ကျုံကာပြောလိုက်တော့ ထိုကောင်ငယ်လေးက ပြာပြာသလဲတောင်းပန်လာတော့တယ်.....

"ဟို..ဟို..တောင်း..တောင်းပန်ပါတယ် ဘတ်ခ်မမြင်လိုက်လို့ပါ"

ဘေးနားရပ်နေတဲ့ ဒိုယောင်းက ထိုဘတ်ခ်ဆိုတဲ့အသုံးနှုန်းနဲ့လည်းကြားရော....မျက်လုံးကြီးပြူးကာ ပါးစပ်အဟောင်းသားနဲ့ သူတခါမှမမြင်ဖူးခဲ့တဲ့ရှားပါးသတ္တဝါတကောင်ကို တွေ့လိုက်ရသလိုမျိုး ကြက်သေသေကာ ဘတ်ခ်ဟျွန်းကိုကြည့်နေမိတယ်....သူ့အတွေးထဲမှာတော့.....

ဘုရား ဘုရား!!!!ငါ...နေလောင်ခံပြီးသေရတော့မှာများလား??

အခုဒီတမိုးအောက်ဗြောင်ဘတ်ခ်ဟျွန်းက သူ့ကိုသူဘတ်ခ်လို့သုံးလိုက်တယ်တဲ့လား??မိန်းကလေးဆန်တယ်ဆိုပြီး စသလိုနောက်သလိုနဲ့ သူမိဘတွေခေါ်ရင်တောင် အကြီးအကျယ်စိတ်ဆိုးတက်တဲ့သူက....အခုတော့သူကိုယ်တိုင်??O.M.G

The little vampire is my soulmate(Complete)Where stories live. Discover now