Part-5

388 53 29
                                    


(Unicode)

တဖက်ကအိပ်သွားပေမဲ့ ဘတ်ခ်ဟျွန်းတို့ဘက်တွင်တော့မအိပ်နိုင်ကြသေးပေ။
နှစ်ယောက်သားဧည့်ခန်းထဲတွင်ထိုင်နေကြပြီး စာရွက်တွေနဲ့အလုပ်ရှုပ်နေလေရဲ့.....

"ဟျောင့်! ပတ်ချန်းယောလ်ကဘောစိနော်"

စာရွက်ကိုကြည့်ကာ အံ့ဩတကြီးပြန်ပြောလာတော့ ဘတ်ခ်ဟျွန်းစိတ်လေဟန်နဲ့ မျက်ဖြူလန်မိသွားတယ်...မသိရင်သူဌေးတွေကို မမြင်ဖူးတာကြနေတာပဲ....

"အဲ့တော့ဘာဖြစ်လဲ?! သူဘောစိဖြစ်ကြေးဆိုငါလည်းဘောစိပဲလေ"

ဘတ်ခ်ဟျွန်းကအားကျမခံပြောတော့ ဒိုယောင်းက
မျက်မှောင်ကျုံကာ....

"တူမလားဟျောင့်ရဲ့! ငါတို့ကငါတို့တိုင်းပြည်မှာပဲချမ်းသာလေ လူလောကမှာကဒီတိုင်းတာဝန်နဲ့
ရောက်လာရတာလေ....
မင်းဘဲကြီးရဲ့မိဘတွေက ဒီနိုင်ငံတင်မဟုတ်ဘူး တခြားနိုင်ငံတွေမှာရော လုပ်ငန်းတွေအများကြီးပိုင်တဲ့ သူဌေးတွေကွ!"

"ဘာ...ဘာကို ဘဲ..ဘဲကြီးလဲ?! ဘာမှလည်းမဆိုင်ပဲနဲ့ကို"

ဘတ်ခ်ဟျွန်းတယောက် မျက်နှာတွေနီကာ ပြောလာတော့...ဒိုယောင်းက အော်ရယ်ပါတော့တယ်...

"ဟား ဟား!!!!!! ငဘတ်ခ်တယောက်တော့ရှက်နေပါတယ်ဗျို့!!!!!!!!!"

"ကင်ဒိုယောင်း!!!!!ပေါက်ကရတွေလျှောက်အော်မနေနဲ့...ဒါလူအိပ်ချိန်ကွ!"

အဲ့လိုပြောမှပဲ ထိုငနဲက အပေါက်ပိတ်တော့တယ်...

နောက်တော့သူတို့လည်းစာတွေကိုဆက်ဖက်နေရင်း

အို့မို~~~သူကbasketballချန်ပီယံတဲ့လား??

ဘတ်ခ်ဟျွန်းတွေးမိသွားတယ်...ဒါဆို သူကbasketballဝတ်စုံနဲ့ဆို ကြည့်ကောင်းနေလောက်မယ်ထင်တယ်နော်.....ဟိဟိ! မနက်ဖြန်သွားချောင်းရမယ် အယ်! ငါဘာတွေတွေးနေမိတာပါလိမ့်?!

သူဆက်ဖက်နေရင်းတနေရာအရောက်တွင်....

"Singleတဲ့ ဒိုယောင်းရေ!"

"ဟမ်?! အဲ့တာမင်းအတွက်ကောင်းတာမဟုတ်ဘူးလား?!"

"ဟုတ်တော့ဟုတ်လောက်ပေမဲ့ သူလိုလူချောမှာ ရည်းစားမရှိဘူးဆိုတာဖြစ်နိုင်လို့လား?!"

The little vampire is my soulmate(Complete)Where stories live. Discover now