Part-20

320 35 13
                                    


(Unicode)

"အို အိုဆယ်ဟို?!"

ဘတ်ခ်ဟျွန်းတစ်ယောက်ဆွံ့အနေမိတယ်။သူမျက်စိရှေ့မှာမြင်နေရတာက သတ္တဝါတစ်ပိုင်းလူတစ်ပိုင်းနဲ့မိစ္ဆာကောင်ကြီး!သိုပေမဲ့ သူဒီကောင်ကိုကလပ်မှာကတည်းကမှတ်မိနေခဲ့တာကြောင့် ဘယ်သူမှန်းတပ်အပ်သိနေတာဖြစ်တယ်။

"ဟက်! မင်းလေးကကိုယ့်ကိုသိနေတယ်ပေါ့လေ အင်းလေ မင်းကကိုယ့်ကိုလိုက်ဖမ်းနေတဲ့ဆိုတော့လည်း....."

"မင်း! ငါ့ကို ဘယ်ခေါ်လာတာလဲ?!!"

"ဘယ်မှမဟုတ်ပါဘူး ကိုယ့်အိမ်ကိုခေါ်လာတာပါ"

ပြောရင်း သူမျက်နှာကိုလာကိုင်တဲ့ဆယ်ဟိုကြောင့် သူခေါင်းကိုနောက်ဆုတ်လိုက်မိတယ်။

"ဟက်! မင်းကပတ်ချန်းယောလ်ကိုင်တာပဲခံချင်တာလား?!"

သူ သူကချန်းယောလ်ကိုသိတယ်ပေါ့?!

"ငါ့ကိုမထိနဲ့!"

"ဒီကိုဘာလို့ခေါ်လာလဲဆိုတာ မသိချင်ဘူးလား?!"

"............."

"မင်းကိုယစ်ပူဇော်ဖို့လေ"

"ဘာ?!!!!!!"

သူဘာပြောလိုက်တယ်?! ယစ်ပူဇော်မယ်?!သူတို့လိုစုန်းနဲ့မိစ္ဆာမျိုးနွယ်တွေက ဒီလိုအလုပ်လုပ်တာမထူးဆန်းပေမဲ့ သူ့လို သွေးစုတ်ဖုတ်ကောင်ကို ယစ်ပူဇော်ရင်ဘာရမှာမလို့လဲ?!

"မင်းဘာတွေးနေလဲဆိုတာကိုယ်သိတယ် မင်းတို့လို သွေးစုတ်ဖုတ်ကောင်တွေက ငါတို့အတွက်ယစ်ပူဇော်တဲ့နေရာမှာအရေးပါတယ် အထူးသဖြင့် မသေမျိုးနွယ်အဖြစ်ပြောင်းလဲတဲ့အခါနဲ့ မင်းတို့မျိုးနွယ်ကိုထိန်းချုပ်ဖို့စွမ်းအားရဖို့ဆို ပိုတောင်အသုံးဝင်သေးတယ်!

"............"

"မင်းဖခင်ကတော့ ဒီအချိန်ဆို အတော်သွေးပျက်နေလောက်ပြီးထင်တယ် ဘာလို့ဆို သူ့သားအငယ်ဆုံးလေးက လူလောကမှာရှိမနေတော့ဘူးဆိုတာ သူလည်းသိလောက်ပါပြီလေ"

"ခင် ခင်များ!!!!"

ဘတ်ခ်ဟျွန်းဘယ်လိုမှမယုံကြည်နိုင်သေးပေ။
ဒီလူအခုဘာတွေပြောနေတာလဲ?!သူတို့မျိုးနွယ်ကိုထိန်းချုပ်မယ်?? ဘယ်သူ့သဘောနဲ့လဲ?! အဲ့လိုအမဖြစ်လာအောင် vampireတိုင်းပြည်ရဲ့မင်းသားတစ်ပါးအနေနဲ့ကာကွယ်ရမယ်။

The little vampire is my soulmate(Complete)Where stories live. Discover now