Part-22(Final)

590 40 39
                                    


(Unicode)

"ယောင်းဘို!ယစ်ပူဇော်ခံရမဲ့သူရဲ့အခြေအနေတစ်ချက်သွားကြည့်လိုက်ဦး!"

"ဟုတ်ကဲ့ပါ အိမ်ရှေ့စံ"

အိမ်ရှေ့စံရဲ့ကိုယ်ရံတော်ဖြစ်တဲ့ယောင်းဘိုက အိမ်ရှေ့စံစကားကြောင့် အရိုအသေပေးကာခိုင်းစေတဲ့အတိုင်းသွားကြည့်လေသည်။

ဆယ်ဟိုလည်း အဝတ်အစားအဆင်တန်ဆာတွေကို အရည်အေသွးကောင်းမကောင်းကြည့်နေလိုက်သည်။
ခနကြာတော့ ယောင်းဘိုက ပြာပြာသလဲနဲ့ အလောတကြီးပြေးလာကာပြောလေသည်။

"အိမ်..အိမ်ရှေ့စံ!! ယစ်ပူဇော်ခံရမဲ့သားကောင်က ..မ..မရှိတော့ဘူး!!"

"ဘာ!!!!!!!!!!!!!!!!"

ဒေါသတကြီးနဲ့အော်လာတဲ့ဆယ်ဟိုကြောင့် ယောင်းဘိုတစ်ယောက်ဒူးတုန်နေလေပြီ။သို့သော် သူသည်အပြစ်ကလွှတ်နိုင်ချေရှိသည်။အဘယ်ကြောင့်ဆိုသော် တမနက်ခင်းလုံး အိမ်ရှေ့စံနောက်ပဲလိုက်နေရတော့..သူ့အတွက် အပြစ်လွတ်နိုင်လေသည်။

"အစောင့်တွေက ဘယ်ဂျောင်သွားသေနေတာလဲ?!!!!!"

"အကုန်လုံးက အ..အဆိပ်မိထားတာကြောင့် သမားတော်စီပို့ထားတယ်! ဒါမဲ့တစ်ယောက်ကစကားပြောလို့ရတဲ့အခြေအနေရှိတာကြောင့် မေးကြည့်ခဲ့တော့ မင်းသားဆယ်ဟွန်းခေါ်သွားတယ်လို့ပြောပါတယ်"

"ဘယ်လို?!!ဆယ်ဟွန်း?!!"

"ဟုတ်ပါတယ်!!"

"မင်းသေချာလား?!"

"သေချာပါတယ်။ဘာလို့ဆို ဒီတိုင်းပြည်မှာ အဆိပ်ထုတ်နိုင်တာဆိုလို့ မိဖုရားခေါင်ကြီးပြီးရင် မင်းသားဆယ်ဟွန်းပဲရှိတာပါ"

"တောက်စ်!!!!!!အိုဆယ်ဟွန်း!!!!!!!!"

ဒီကောင်ကို သွေးအေးလွန်းတဲ့သူဆိုပြီး
ဒီကိစ္စကိုမသိလောက်ဘူးထင်ခဲ့တာ
အခုတော့..ဒီကောင်က ငါ့ကို မသိသလိုလိုနဲ့
မလိမ့်တပတ်လုပ်သွားခဲ့တယ်။

ညီဆိုပြီး လျော့တွက်ခဲ့မိတာငါမှားတာပဲ!!
(ငါမှားတာရှိရင်တောင်းပန်ပါတယ်~~~'))XD
ဘာမှာမဟုတ်ဘူး ဝင်ယောင်ကြည့်တာပါ🤣🤣)

The little vampire is my soulmate(Complete)Where stories live. Discover now