Part-1

795 66 20
                                    

(Unicode)

Seoulမြို့ရဲ့ညသန်းခေါင်ယံအချိန်တွင် ဖြောင်းချန်းဒုံရက်ကွက်ရှိလမ်းကြားထဲတွင် လူတယောက် ချွေးများရွဲစိုနေပြီး ခြေလှမ်းများကိုအသားကုန်လှမ်း၍ အသက်မထွက်ရုံ ပြေးလွှားနေပုံကိုကြည့်ခြင်းအားဖြင့် သူနောက်တွင် တစုံတခုလိုက်နေခြင်းကြောင့်သာဖြစ်မည်။

လမ်းကြားတခုထဲဝင်ပြေးမိတော့ ထိုလမ်းသည် တဖက်ပိတ်လမ်းဖြစ်နေ၏

"အ...အနားတိုး...တိုးမလာနဲ့နော်"

ထိုလူက အကြောက်လွန်ပြီး အနောက်ကလိုက်လာတဲ့ တစုံတရာကို လှည့်မကြည့်ရဲစွာ ပြောလိုက်တော့ အနားကို ပိုပြီးတော့တောင် တိုးလာသလိုခံစားလိုက်ရတယ်။
ခနကြာတော့ ခြေသံရပ်သွားတယ်။

သူအသက်ရှုသံတွေပိုပြီးပြင်းလာပြီ
သူ...သူသေရတော့မှာလား??

ဖြစ်ချင်ရာဖြစ်ဆိုပြီး နောက်လှည့်ကြည့်လိုက်တော့

"အားးးးးးးးးးးးးးးးးးးးးးးးး"

ပန်းထွက်သွားတဲ့ သွေးနီနီရဲရဲများ........

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

တီ တီ တီ တီ

နာရီalarmသံက အိပ်ခန်းကျယ်ကျယ်တွင် ကျယ်လောင်စွာ မြည်နေပေမဲ့ အိပ်ရာထက်ကလူကတော့ တော်တော်နဲ့ ထဖို့အစီအစဉ်မရှိဘူးထင်ပါရဲ့

ထိုအချိန် အခန်းထဲကိုဝင်လာတဲ့ ခေါင်းစုတ်ဖွားနဲ့ လူတယောက်...ညအိပ်ဝတ်စုံ ဝတ်ထားတာလည်း ဖရိုဖရဲနဲ့...

သူ ကုတင်ပေါ်က ကုလားသေကုလားမော် အိပ်နေတဲ့သူစီ ယိုင်ယိုင်တိုင်နဲ့ သွားပြီး အနားရောက်တော့ လေကိုဝဝရှုပြီး ရင်ခေါင်းသံကြီးနဲ့အော်ပလိုက်တယ်။

"ဗြောင်ဘတ်ဟျွန်း!!!!!!!!!!!!!!!!!!!!!!!!
  ထတော့!!!!!!!!!!!!!!!!!!!!!!!!!!"

ကုတင်ပေါ်က နတ်သမီး၇ဖော်နဲ့ စက်တော်ခေါ်နေတဲ့ ကောင်လေးကတော့ ထိုအသံကြီးကြောင့် ကုတင်ပေါ်ကပြုတ်ကြလေရဲ့.....

➖➖➖➖➖➖➖

"ဟျောင့်! စားစရာရှိတာမြန်မြန်စား ဒီနေ့ကကျောင်းစတက်ရက်နော် ကျောင်းနောက်ကျနေလိမ့်မယ်"

The little vampire is my soulmate(Complete)Where stories live. Discover now