ချမ်း အိမ်ပြန်ရောက်တော့ ဧည့်ခန်းမှာ ထိုင်နေသော မာမီ ကို တွေ့လိုက်ရသည်။ချမ်း - မာမီ အပြင်သွားမလို့လား။
- ဟုတ်တယ် သား။ ခြူး တို့ဆီ သွားမလို့။
ချမ်း - တီခြူး တို့ ဆီလား။ သား လိုက်ပို့ပေးမယ်လေ။ ညနေလည်း စောင်းနေပြီဆိုတော့
- အင်း ကောင်းတာပေါ့။ ဒါဆို မာမီတို့ သွားကြရအောင်။
ချမ်း စိတ်ထဲ အရမ်းတွေပျော်နေသည်။ သူ ကိုကို နဲ့ တွေ့ရတော့မယ်။ ကိုကို ကရော သူ့ကို တွေ့ရင် အံ့သြသွားမလား။ ကိုကို့ ကို လွမ်းနေကြောင်း တွေ ပြောပြရမယ်။
နာရီ၀က်လောက် မောင်းလာပြီးနောက် *****လမ်းက ကြီးမားခမ်းနားသော နန်းတော်ကြီးသမျှ လှပသော အိမ်ကြီးကို ရောက်လာခဲ့ပြီ။ တီခြူးတို့အိမ်ရောက်တော့ တီခြူးက လာကြိုသည်။
- ဆောင်း လာပြီလား။ သားချမ်း လည်း ပါလာတာကို။ လာလာ အိမ်ထဲ၀င်
ချမ်း - တီခြူး မတွေ့တာကြာလို့လား မသိဘူး လှလို့ပလို့။
- ဟားဟား သားချမ်းတို့ကတော့ မြှောက်ပြီ။
ချမ်း အိမ်ထဲရောက်တော့ ဧည့်ခန်းမှာ ထိုင်နေတာ ဖေမာန်ရော ဖေဆက်ရော။ ကိုကို က ဖေဆက်နဲ့ တူလို့ ချောတာ။
- မိဆောင်း အဲ့တာ အငယ်ကောင်လေးလား။
- အေး ဟုတ်တယ်။ သားချမ်း နှုတ်ဆက်လိုက်အုံးလေ
ချမ်း - ဟုတ်ကဲ့ မာမီ။ မင်္ဂလာပါ ဖေမာန် နဲ့ ဖေဆက်! ကျွန်တော် က ချမ်းမြေ့သော် ပါဗျ
- လူလိမ္မာလေးပဲ
ဆက်ပိုင်က ထိုသို့ပြောလိုက်တော့ ဆောင်း မှာ မချိတင်ကဲလေး ဖြစ်သွားရသည်။ သူ့သားဘယ်လောက်ထိ ဆိုးလဲ ဆိုးတာ အကုန်လုံး အသိ!!
လူကြီးတွေက စီးပွားရေးလုပ်ငန်းအကြောင်းတွေ ပြောနေပေမယ့် ချမ်း ပျင်းနေမိသည်။ ကိုကို ကလည်း ပြန်မလာသေးတာလား မသိ။ ကိုယ်က သူ့ကို တွေ့ချင်ပါတယ်ဆို။
ညနေ ၆နာရီတာ ခွဲသွားတယ် ကိုကို့ အရိပ်အယောင်တောင် မတွေ့ ပြန်ခံနီးကျတော့မှ မနေနိုင်တော့ပဲ
YOU ARE READING
One And Only { တစ်ဦးတည်းသော} { Z & U }