🐷14🐷 [ Uni ]

244 14 1
                                    

- တောင်းပန်ပါတယ် ။ ကျွန်တော် တို့သူဌေးက ဘယ်သူနဲ့မှ မတွေ့ချင်ပါဘူးတဲ့။

မင်္ဂလာပွဲ ပျက်သွားတဲ့ နေ့ကတည်းက စပြီး ဦးခွန်းရောင်နီလင်း ရှိမဲ့နေရာကို စုံစမ်းရတာ အမော။ သိတော့လည်း အိမ်ထိလိုက်သွားပေမယ့် တွေ့ခွင့်မပေးတာကြောင့် အားလုံး စိတ်ဓာတ်တွေ ကျချင်

ရမာန် - အစ်ကိုကြီး တို့ရယ် နောက်တစ်ခေါက်လောက် သွားမေးပေးလို့ ရမလား။ သူဌေး က မတွေ့ချင်ဘူးဆိုရင်လည်း ကိုကို့ နဲ့တော့ တွေ့ခွင့်ပေးပါလို့။

၃ရက် တောင်ရှိပြီ ထိုအိမ်ရှေ့ကနေ တဖွားဝါးမှ မခွာတာ။ အားလုံးကလည်း ထိုကောင်လေး ကို သနားပေမယ့် အလုပ်ရှင်ကိုလည်း ကြောက်ရသေးတာကို။

- ကျွန်တော် ထပ်ပြီး ပြောကြည့်ပါမယ်။

ရမာန် - ကျေးဇူးပါ။

မိနစ်၂၀လောက်စောင့်ပြီတဲ့နောက်မှာတော့ ခနကလူပြန်ထွက်လာပြီး

- သူဌေးက ၀င်ခွင့်ပြုလိုက်ပါတယ်။

ညှို့မှိုင်းနေသော ရမာန် မျက်လုံးတွေဟာ ကြယ်လေးတွေလို တလပ်လက်နဲ့ တောက်ပလာခဲ့သည်။ ကြေမွနေသော အင်္ကျီကို ဆွဲဆန့်ပြီး သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်လိုက်ပြီး အနက်ရောင်၀တ်စုံ၀တ်ဆင်ထားသော လူကြီးနောက်ကို အမြန်လိုက်ရသည်။

အိမ်ထဲရောက်တော့ အညိုရင့်ရောင် ဆိုဖာခုံကြီးထက် မိန့်မိန့်ကြီး ထိုင်နေသော ဦးခွန်းရောင်နီလင်း ကို တွေ့လိုက်ရသည်။

- ထိုင်

မေးဆက်ပြရာ နေရာမှာ ၀င်ထိုင်လိုက်ပြီး ကိုကို့ ကိုတွေ့လို့တွေ့ငြား ဝေ့ဝဲ ရှာနေတုန်း

- မနေ့ညကပဲ အိပ်ဆေးထိုးပေးပြီး China ကို ပို့လိုက်ပြီ!

ရမာန် - ဗျာ!

ရုတ်တရက်ပြောလာတဲ့ စကားကြောင့် ရမာန် ​ဆွံ့အသွားရသည်။

ရမာန် - ဦးလေး ဘာပြောလိုက်တယ်။

- ဦးသား ကို မနေ့ညက China ကို ပို့လိုက်ပြီ။ သူ့ကို ဟိုမှာပဲ အပြီးနေခိုင်းတော့မှာ

ရမာန် - အဲ့လို လုပ်လို့ ရလို့လား။ ကိုကို က ဦးလေးတစ်ယောက်တည်းနဲ့ ဆိုင်တာ မဟုတ်ဘူး။ တီဆောင်း နဲ့လည်း ဆိုင်သလို ကျွန်တော် နဲ့လည်း ဆိုင်တယ်။

One And Only { တစ်ဦးတည်းသော} { Z & U }Where stories live. Discover now