🐷12🐷 { Uni }

81 6 0
                                    

လွန်းစေ - အခုလို ကျွန်တော်တို့နဲ့ လက်တွဲပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

- အန်ကယ်လည်း ၀မ်းသာပါတယ်။ ရှေ့ဆက်လည်း လက်တွဲသွားကြရအောင်။

နှစ်ယောက်သား အပြန်အလှန် လက်ချင်းဆွဲကာ နှုတ်ဆက်လိုက်ကြသည်။ ဒီနေ့က လွန်းစေ နဲ့ ဦးခွန်းရောင်နီလင်း တို့ ကုမ္ပဏီ နှစ်ခု အကျိုးတူပူးပေါင်း သဘောတူစာချုပ် ချုပ်ဆိုသော နေ့၊ သတင်းမီဒီယာသမားတွေကလည်း သူ့ထက် ငါ အပြိုင်အဆိုင် သတင်းကို အရယူကြသည်။

ပွဲပြီးတော့ နှစ်ယောက်သား  နေ့လည်စာ စားဖို့ ကြိုတင်ဘိုကင်လုပ်ထားသော စားသောက်ဆိုင် ကို ထွက်လာခဲ့သည်။

စားသောက်ဆိုင်ရောက်တော့ ကြိုတင်ဘိုကင်လုပ်ထားသော အခန်းထဲမှာ ထိုင်နေသော ချမ်းမြေ့သော်ကို တွေ့ပြီး နှစ်ယောက်လုံး အံ့သြသွားသည်။

လွန်းစေ - Baby ဘယ်ကနေ ဘယ်လို

ချမ်း - ဘယ်ကနေမှ မဟုတ်ဘူး။ တမင်လာတာ။ ဦးလေးရောက်နေတာကို လာနှုတ်ဆက်တာလေ။ ဦးလေး နေကောင်းတယ်နော်။

- ကောင်းပါတယ် သားချမ်း။

ချမ်း - ဦးလေး ကိုလွန်းစေ နဲ့ အလုပ်ကိစ္စပြီးရင် ဘယ်သွားအုံးမလဲ။

- ဦးလေး မသွားတော့ဘူး။ ဟိုတယ်ပြန်ပြီး နားမလို့။

ချမ်း - ဒါဆို ကျွန်တော်လိုက်ပို့ပေးမယ်။ ပြီးတော့ ဦးလေးကို အရေးကြီးတာပြောစရာရှိတယ်။

တူရီးနှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် စိုက်ကြည့်မိသည်။ ချမ်းကတော့ ခပ်ပြုံးပြုံးနဲ့။ ဦးခွန်းရောင်နီလင်း ကတော့ အတွေးတွေ ရောယှက်နေတယ်။ ညီလွန်းစေ ကတော့ ဘာမှကို နားမလည်နိုင်ပေ။

စားသောက်ပြီးနောက် ချမ်းက သူ့ဦးလေးကို လိုက်ပို့သလို ညီလွန်းစေ ကလည်း အလုပ်ကို ပြန်သွားလေသည်။

- Boss

လွန်းစေ - ပြော

- အစ်ကိုလေးချမ်းမြေ့သော် ကြိုက်နေတဲ့ သူက ****ဆေးရုံက အထွေထွေရောဂါကုဆရာ၀န် ရမာန်မိုးပြည့် ပါ

လွန်းစေ - ဘာ!!!!

- ကျွန်တော်သိသလောက် က အစ်ကိုလေး ချမ်းမြေ့သော်က သူ့အစ်ကိုရဲ့ မင်္ဂလာပွဲကို ဖျက်ဖို့ ကြံစည်နေတယ်။

One And Only { တစ်ဦးတည်းသော} { Z & U }Where stories live. Discover now