🐷11🐷 [ Unicode ]

71 6 0
                                    

ဇွဲရောင်စဥ် နဲ့ ရမာန်မိုးပြည့် တို့ ဦးခွန်းရောင်နီလင်း အိမ်ကိုရောက်တော့

ဇွဲ - ဦးလေး ဒါက ဦးလေး အကြိုက်ဆုံး ပဲပုတ်ခြောက်။ ကျွန်တော်မှာ မနည်းပြောပြီး လေယာဥ်ပေါ် တင်ယူလာတာ ဟီး

- အင်း ကျေးဇူးပါ သား။ ဒါနဲ့ သူလေးက

ဇွဲ - သူက မကြာခင် ကျွန်တော်နဲ့ လက်ထပ်တော့မဲ့သူ။ ရမာန်မိုးပြည့်တဲ့။

ရမာန် - ဟုတ်ကဲ့ တွေ့ရတာ ၀မ်းသာပါတယ် ဦးဦး

ရမာန် နှုတ်ဆက်လိုက်တော့ ဦးခွန်းရောင်နီလင်းကလည်း ပြုံးကာ နှုတ်ဆက်လေသည်။

ဇွဲ - ဒါက ကျွန်တော့် မင်္ဂလာဆောင် ဖိတ်စာ။ ဦးလေး လာမယ်မလား။

စားပွဲခုံပေါ်က ရွှေအိုရောင် ဖိတ်စာလေးကို ယူပြီး အတွင်းစာသားတွေကို ဖတ်လိုက်လိုက်တော့ *ဦးခွန်းမှိုင်းရောင်စဥ် + ဒေါ်ဆောင်းလေပြေချမ်းမြေ့ တို့၏ သားကြီး မောင်ဇွဲရောင်စဥ် * တဲ့။ အံ့ကို ခပ်တင်းတင်းကြိတ်ပစ်လိုက်သည်။

- အင်း ဦးလေးလည်း ဒီနောက်အပတ်ထဲ မြန်မာကို လာဖို့ရှိတယ်။ မင်းတို့ မင်္ဂလာဆောင်ကို တတ်ရောက်ပါမယ်။ ဒါနဲ့ ဘယ်နေ့ ပြန်မှာလဲ။

ဇွဲ - မနက်ဖြန် ပြန်မှာ။ ဦးဦးကို ဖိတ်စာကိုယ်တိုင်လာပေးချင်လို့။

- အင်း!!

၃ယောက်သား စကားတွေဖောင်ဖွဲ့ပြောကြပြီးနောက် နေ့လည်စာ ပါ အတူတူ စားကြသည်။ ညနေစောင်းတော့ ပြန်ဖို့လုပ်တော့မှ

- လာပါဦး ဦးလေး ပွေ့ဖက်ပါရစေ။

ဇွဲ - ဟုတ်ကဲ့ ဦးလေး

လက်ဆန့်ပေးကာ ပြောလာသော အဖေဖြစ်သူကြောင့် ၀မ်းသာအားရနဲ့ ပြေးဖက်သည်။ ဦးခွန်းရောင်နီလင်း ရင်ခွင်ထဲက တူလား သားလား ဘာမှန်းမသိသေးသော လူသားလေးကို ခပ်ဖွဖွလေး ပြန်ဖက်ပြီး ခေါင်းက ဆံပင် တစ်ပင်ကို မသိမသာ နှုတ်လိုက်သည်။

- အလွမ်းပြေသွားပြီ။ ကဲ မိုးချုပ်တော့မယ် ပြန်ကျတော့။

ဇွဲ - ဟုတ်ကဲ့

ရမာန် - ပြန်ပါတော့မယ် ဦးဦး။

ထွက်သွားသော လူနှစ်ယောက်ကို ကြည့်ကာ ဦးခွန်းရောင်နီလင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

One And Only { တစ်ဦးတည်းသော} { Z & U }Nơi câu chuyện tồn tại. Hãy khám phá bây giờ