- သား ကို ဖေဖေ မခွဲနိုင်ဘူး။
ရမာန် - တောင်းပန်ပါတယ် ဖေဖေ! ကိုကို့ ကို သွားရှာခွင့်ပြုပါ။
- သားကို ဖေဖေ ၃နှစ်အချိန်ပေးမယ်။ ၃နှစ်အတွင်း သား သူ့ကို လိုက်ရှာပါ။ ၃နှစ်ပြည့်လို့မှ မတွေ့ရင်တော့ ပြန်လာခဲ့ပါ။
ရမာန် - ဟုတ်ကဲ့ ဖေဖေ၊ ကျေးဇူးပါဖေဖေ၊ သား ကိုကို့ ကို မတွေ့ , တွေ့အောင် ရှာမှာပါ။
- သားတို့ အချစ်စစ်မှန်ရင်တော့ တစ်နေ့ ပြန်တွေ့ရမှာပါ။ သား Daddy ကိုတော့ ဖေဖေ ကြည့်ပြောလိုက်မယ်။
ရမာန် - ကျေးဇူးပါ ဖေဖေ။
ကျွန်တော် ဖေဖေ့ကို တင်းကြပ်စွာ ဖက်လိုက်တော့ ဖေဖေက ကျွန်တော့် ကျောပြင်လေးကို လက်နဲ့ ဖွဖွလေး ပုတ်ကာ နှစ်သိမ့်ပေးသည်။
မိဘရင်ခွင်နဲ့ ၃နှစ်လောက် ခွဲရမှာ ဆိုတော့ အားမွေးထားရမည်။
မိသားစု ညစာစားဝိုင်းတွေတော့ ဆက်ပိုင် က အကြောင်းစုံပြောပြလိုက်တော့ အားလုံးက ရမာန်လေးကို မသွားစေချင်။ ဒါပေမယ့် ညှိုးနွမ်းနေတဲ့ မျက်နှာလေးကြောင့် ခွင့်ပြုပေးလိုက်ရသည်။
ဒေါက်!ဒေါက်!ဒေါက်
ရမာန် - ၀င်ခဲ့ပါ တံခါးလော့မချထားဘူး။
ထူးချစ်ကို အခန်းထဲ ၀င်လာတော့ ကုတင်ပေါ်မှာ ထိုင်ကာ ကိုဇွဲ နဲ့ တွဲရိုက်ထားသော ပုံလေးကို ကြည့်ပြီး ငိုနေသော ညီဖြစ်သူ ကို တွေ့တော့ သက်ပြင်းချလိုက်သည်။
ထူး - ရလေး!
ရမာန် - ကိုထူး
ထူး - ဟိုမှာ တစ်စုံတစ်ခု အခက်အခဲရှိရင် အစ်ကို့ကို ပြောနော်။
ရမာန် - ဟုတ်ကဲ့ ကိုထူး။ Daddy နဲ့ ဖေဖေ့ ကို ဂရုစိုက်ပေးနော် ကိုထူး။
ထူး - စိတ်ချပါ။ ဒီဘက်ကို ကိုယ်သေချာ စောင့်ရှောက်ပေးပါမယ်။
ရမာန် - ကျေးဇူး ကိုထူး။
ထူး - မငိုနဲ့တော့ ကဲ စောစောအိပ် မနက်ကြရင် ကိုယ်လေဆိပ် လိုက်ပို့မယ်။ ဟုတ်ပြီလား။
ရမာန် - ဟုတ်ကဲ့။
ညီဖြစ်သူကို အိပ်ခိုင်းလိုက်ပြီး မီးတွေပိတ်ကာ အခန်းထဲမှ ထူးချစ်ကို ထွက်လာလိုက်သည်။ အချစ်စစ်မှန်ရင်တော့ မင်းတို့တစ်နေ့ ပေါင်းစည်းရမှာပါ။
____________________
At Chaina
YOU ARE READING
One And Only { တစ်ဦးတည်းသော} { Z & U }