- Daddy ညနေ စောစောပြန်လာခဲ့မယ်။
ဇွဲ - ဟုတ်!! သားကတော့ ညနေမှရလေး နဲ့ အတူတူ လာခဲ့တော့မယ်။
- ဒီနေ့ လျှောက်လည်ကြမှာဆိုတော့ ရမာန်လေး ကို သေချာဂရုစိုက်နော် သား။
ဇွဲ - ဟုတ်ကဲ့ပါ မာမီ
- သားငယ် လာထိုင်
ထမင်းစားခန်းပေါက်မှာ ရပ်နေသော ချမ်းမြေ့သော် ကို တွေ့တော့ ဉီးမှိုင်းရောင်စဉ် က ပြုံးကာ ခေါ်လိုက်သည်။
ချမ်း သူနေရာမှာ ၀င်ထိုင်ပြီး အုန်းနို့ခေါက်ဆွဲ ကို တစ်ဇွန်း နှစ်ဇွန်းလောက် စားပြီးနောက်
ချမ်း - Daddy သားမှာ ချစ်သူရှိနေပြီ
- ဟေ ဟုတ်လား။ ဘယ်သူတုန်း သားငယ်ရဲ့
ချမ်းရဲ့စကားကို ကြားပြီး ဇွန်းကိုင်ထားသော ဇွဲ ရဲ့ လက်တွေက တင်းကျပ်သွားသည်။
ချမ်း - Dr. ရမာန်မိုးပြည့်!
ချမ်း စကားအဆုံး မနက်စာဝိုင်းလေးက တိတ်ဆိတ်သွားသည်။ ဉီးမှိုင်းရောင်စဉ်ရော ဒေါ်ဆောင်း ရော ဘာစကားမှ မဆိုမိပဲ ဆွံ့အနေတုန်း။
အချိန်အနည်းငယ်ကြာသွားတော့မှ
- သားချမ်း ရမာန်မိုးပြည့်ဆိုတာက
ချမ်း - ဖေမာန် နဲ့ ဖေဆက် တို့ရဲ့ သားလေ။ ကိုကို့ ကို ကျွန်တော်ချစ်တာမို့ ကိုကို့ ကို တောင်းပေးပါလား Daddy!
ဇွဲ - ညီညီ ရလေးက ကိုကို နဲ့ မကြာခင်စေ့စပ်တော့မှာ
ချမ်းက မကြားချင်ယောင်ဆောင်ပြီး သူ့Daddy ကိုသာ စိုက်ကြည့်နေသည်။ ဒါက ဘယ်လို အခြေအနေမျိုးကြီးလဲ။
- သားသော်လေး ရမာန်လေးက သားရဲ့ ယောက်ဖဖြစ်လာမဲ့သူ။
ချမ်း - ကျွန်တော် မသိဘူး။ ကျွန်တော်သိတာ ကိုကို့ ကို ချစ်တာပဲ သိတယ်။ Daddy ကိုကို့ ကို တောင်းပေးရင် ကျွန်တော် Daddy ဖြစ်စေချင်တဲ့ အတိုင်း ကုမ္ပဏီ အလုပ်တွေလည်း လေ့လာမယ်လေ။ ကိုကို့ ကိုသာ တောင်းပေးပါလား Daddy ရယ်
မျက်ရည်တွေ ဝဲစွာ ပြောလာသော သားငယ်ကြောင့် သားကြီးကို လှမ်းကြည့်လိုက်တော့ အံကိုတင်းတင်းကြိတ်ထားတာမို့ မေးကြောတွေက ထောင်နေသည်။
YOU ARE READING
One And Only { တစ်ဦးတည်းသော} { Z & U }