🐷13🐷 { Uni }

88 8 0
                                    

ဇွဲ - ရလေး သက်သာရဲ့လား။

ရမာန် - ဟုတ် ​သက်သာပါတယ်ကိုကို။

ဇွဲ - ရလေး နေမကောင်းသေးရင် ကိုကို တို့ မင်္ဂလာပွဲကို နောက်ဆုတ်လိုက်မလား။

ရမာန် - အင့်ဟင်း မဆုတ်ဘူး။ ကိုကို နဲ့ တစ်စက္ကန့်တောင် မခွဲချင်ဘူး။ အခုလည်း ကျွန်တော် သက်သာနေပြီ။

ဇွဲ - ကိုကို့ အတွက် ရလေးက အရေးကြီးတယ်။ အဲ့ထက် ရလေး ကျန်းမာရေးကလည်း အရေးကြီးတယ်။

ရမာန် - ကျွန်တော် ကောင်းနေပါပြီဆို!!

ဇွဲ - ဟုတ်ပါပြီ။ ကဲ အမဲစွတ်ပြုတ်လေး သောက်လိုက်ပါအုံး။

ရမာန် - ဟုတ်!

ဆေးရုံခန်းထဲက ပျော်ရွှင်ကြည်နူးနေတဲ့ လူနှစ်ယောက်ကို ကြည့်ကာ ချမ်းမြေ့သော် လက်သီးကို ခပ်တင်းတင်း ဆုပ်ထားလိုက်သည်။

*သည်းခံ ချမ်းမြေ့သော် သည်းခံ။ မင်္ဂလာပွဲနေ့ ပြီးရင် ကိုကို က မင်းအပိုင်ဖြစ်ပြီ။ သည်းခံ*

ကိုယ့်ကို အားပေးကာ ၀ယ်လာသော ကြက်သားဆန်ပြုတ်ဗူးလေးကို အမှိုက်တောင်းထဲ ထည့်ပစ်လိုက်သည်။
%
%
%
ဒီနေ့က ဇွဲရောင်စဥ် နဲ့ ရမာန်မိုးပြည့် တို့ရဲ့ မင်္ဂလာပွဲနေ့! သတို့သားနှစ်ယောက်လုံး ရဲ့ မျက်နှာမှာ အပြုံးပန်းတွေ ဝေဆာနေသည်။ ကြွရောက်လာတဲ့ ဧည့်သည့်တွေကိုလည်း ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုကြသည်။

နှစ်ဖက်မိဘတွေရဲ့ စီးပွားရေးမိတ်ဖက်တွေရော ကြွရောက်တာမို့ မင်္ဂလာပွဲလေးက အတော့်ကို စည်းကားနေသည်။

၉နာရီဆို ပွဲစတော့မှာမို့ ချမ်းမြေ့သော်မှာ ဖင်တကြွကြွနဲ့ ခန်းမအပေါက်၀ကို မျှော်နေရသည်။

- ချမ်း မင်းဘာဖြစ်နေတာလဲ။

ချမ်း - လူတစ်ယောက်ကို စောင့်နေတာ။

- ကိုညီလွန်းစေ ကိုလား။ သူရောက်နေပြီလေ။

ချမ်း - ငါက သူ့ကို စောင့်နေတာ မဟုတ်ဘူး။ ကျစ်!! ဒါနဲ့ အောင်ထက်က ဘာလို့ မလာတာလဲ။

- သူ ခြေထောက်မှ မသက်သာသေးတာ။ ဆေးရုံသွားပြီး ဆေးမထည့်ပေးလိုက်တာ ဘယ်လိုဆေးရုံပါလိမ့်။

One And Only { တစ်ဦးတည်းသော} { Z & U }Donde viven las historias. Descúbrelo ahora