🐷8🐷 [ Unicode ]

81 8 0
                                    

ရမာန် - ကိုကို ဒါလေး လိုချင်တယ်။

ဇွဲ - ၀ယ်စေဗျာ! ခနလေး ရလေး ဒီ၀က်ရုပ်လေးက ပိုလှတယ်မလား။ ရလေး နဲ့ တူတယ်။

ရမာန် - ကိုကို နော်!

ဇွဲ - ဟားဟား ကိုကို က စတာပါဗျာ။

ရမာန် - သော်လေး နေကောင်းသွားပြီလား။

ဇွဲ - ကောင်းသွားပြီ။ ညီညီ က မနေ့ကတည်းက နေကောင်းသွားတာ။ ရလေး ကို ကျေးဇူးတင်တယ်။ အဲ့ကလေး က အရမ်းပေတေပြီးနေတာ။

ရမာန် - ကိုကို သော်လေးကို စိတ်မဆိုးဘူးလား။

ဇွဲ - ဘာလို့ဆိုးရမှာလဲ။ မဆိုးပါဘူး။

ရမာန် - သော်လေး ကျွန်တော့်ကို နမ်းတာတွေကိုရော စိတ်မဆိုးဘူးလား။

ထိုသို့ ပြောလိုက်တော့ ဇွဲမျက်နှာကြီး မှုန်ကုတ်သွားသည်။ ချမ်းမြေ့သော် ကို ညီလွန်းစေ က အိမ်ကို လိုက်ပို့ပေးပြီး သူ့မိဘတွေဆီက တောင်းရမ်းသွားတဲ့ နေ့၊ ရမာန် တို့ရဲ့ လက်ထပ်မဲ့ ရက်ကို သိပြီး နောက် ရေချိုးခန်းထဲက ရေပန်းအောက်မှာ ၀င်ထိုင်နေတာ နေ့လည် ၂နာရီ သူ့သူငယ်ချင်းတွေ အိမ်ရောက်လာမှ သိရတဲ့ အဖြစ်!

အသားအရည်တွေ ဖြူဖျော့ကာ နှုတ်ခမ်းတွေ ပြာနှမ်းနေပြီး အသက်တောင် မျှင်းမျှင်း ပဲ ရှိတော့သော ချမ်းမြေ့သော် ကို သူတို့ မနည်း အသက်ကယ်ထားရသည်။

သတိရလာတော့လည်း ရမာန်မိုးပြည့် က လွဲ ဘယ်သူနဲ့မှ  ဆေးမကုဘူး ဆိုတာကြောင့် ချမ်းမြေ့သော်ကို ရမာန် ကသာ တာ၀န်ယူလိုက်ရသည်။

ဆန်ပြုတ်တစ်ခါတိုက် ရမာန့် ပါးကို ချမ်းမြေ့သော်က တစ်ခါနမ်း၊ ဆေးတိုက်ရင်လည်း နမ်း၊ ဆေးထိုးရင်လည်း နမ်း နဲ့။ ဇွဲမှာတော့  ချမ်းမြေ့သော်ကို လူနာလာစောင့်ရင် ဂျေ၀င်ရတာ မနည်း။ ဘယ်လောက်ပဲ ညီကို ချစ်ပါစေ ကိုယ့်ချစ်သူ ပါးကို နမ်းတာတော့ မကြိုက်ဘူး။

ဇွဲ - နေမကောင်းတာမို့ ကိုကို က ခွင့်ပြုထားတာ။

ရမာန် - ဟုတ်ပါပြီ။ တစ်ခုရှိသေးတယ်။

ဇွဲ - ဘာကိုလဲ။

ရမာန် - မနေ့ညက သော်လေး က ကျွန်တော့်ကို ချစ်ရေးဆိုခဲ့တယ်။

One And Only { တစ်ဦးတည်းသော} { Z & U }Donde viven las historias. Descúbrelo ahora