၀ုန်း! အင့်
ချမ်း - တောက်စ်!!! ခင်ဗျားလူတစ်ယောက်လုံးကိုတောင် မမြင်ဘူးလား။
ရမာန် - တောင်းပန်ပါတယ် ဒီက ညီ။ အစ်ကို အရမ်းအလျင်လိုနေလို့ပါ။
ချမ်းမြေ့သော် ကော်ဖီသောက်ပြီး ဆိုင်ထဲက အထွက်၊ ဆိုင်ထဲကို ပြေး၀င်လာတဲ့ လူတစ်ယောက်နဲ့ တိုက်မိသွားသည်။
တောင်းပန်စကားဆိုလာတဲ့ ထိုသူကို ကြည့်ပြီး ကျွန်တော်ချမ်းမြေ့သော်ရဲ့ ကမ္ဘာကြီး ရပ်တန့်သွားသည်။
ယောကျာ်းလေးဖြစ်ပြီး အရမ်းလှတာပဲ။ မျက်လုံးလေးတွေက ဖန်ဂေါ်လီလုံးလေးတွေလို ကြည်လင်ကာ ၀ိုင်းစက်လို့။ ပါးနှစ်ဖက်က ဖောင်းဖောင်းလေး။ လူကလည်း အရမ်းငယ်၀ပေမယ့် ကြည့်ရှူဖွယ်ကောင်းတယ်။
ထိုသူကိုကြည့်ရင်း တစ်ယောက်ယောက်ကိုတောင် သတိရသွားမိ
ရမာန် - ညီ ညီ
ချမ်း - ဗျာ ကိုကို!!
ချမ်းမြေ့သော်ရဲ့ အခေါ်အဝေါ်ကြောင့် ရမာန် မျက်မှောင်ကြုတ်ကာ ချမ်းမြေ့သော်ကို စိုက်ကြည့်မိသည်။ ချမ်းမြေ့သော် လည်း ဘာလို့ ကိုကို လို့ခေါ်လိုက်မိမှန်း မသိလိုက်
ချမ်း - အော် ဟို ခင်ဗျားက ကျွန်တော့် ကိုကို နဲ့ အနည်းငယ်ဆင်လို့ပါ။ တောင်းပန်ပါတယ်။
ရမာန် - ရပါတယ်။ ဒါဆို အစ်ကိုသွားတော့မယ်နော်။
ချမ်း - ဟုတ်ကဲ့!
ဆိုင်ထဲ ပြေး၀င်သွားသော လူသားလေးကို မျက်စိတစ်ဆုံးထိ လိုက်ကြည့်ပြီးနောက်
ချမ်း - ကိုကို နဲ့ ထပ်တွေ့ပါရစေ!
ထိုနောက် ကားပါကင်မှာ ရပ်ထားသော ပြိုင်ကားပေါ်တတ်ကာ ကျောင်းကို ထွက်လာခဲ့သည်။
ရမာန် ဆိုင်ထဲရောက်တော့ ထောင့်စွန်း၀ိုင်းမှာ ထိုင်နေသော ကိုကို ဆီကို အမြန်သွားလိုက်သည်။
ရမာန် - ကိုကို ရောက်နေတာ ကြာပြီလား။
ဇွဲ - နာရီ၀က်လောက်ပဲ ရှိပါသေးတယ်။
ရမာန် - တောင်းပန်ပါတယ်ဗျ။ ရလေး မနေ့က လျှောက်လည်ရတာ ပင်ပန်းသွားလို့ ဒီမနက် တော်တော် နဲ့ မထနိုင်တာ။
ESTÁS LEYENDO
One And Only { တစ်ဦးတည်းသော} { Z & U }