🐷9🐷 [ Unicode ]

71 8 0
                                    

ချမ်း ကျောင်းမသွားတော့ပဲ ညီလွန်းစေ ရဲ့ စံအိမ်တော်ကြီးဆီ ထွက်လာလိုက်သည်။ စံအိမ်တော်ရောက်တော့ အိမ်ထဲကနေ ထွက်လာတဲ့ ဆရာ၀န်ကြောင့် ချမ်း​ မျက်ခုံးတွေ ပင့်တတ်သွားသည်။

- အစ်ကိုလေး ရောက်လာပြီလား။

ချမ်း - အင်း ညီလွန်းစေ ရော

- Boss အပေါ်ထပ်က သူ့အခန်းထဲမှာ။ Boss ဖျားနေတာမို့ China မသွားဖြစ်တော့ဘူး။

ချမ်း - ဖျားနေတယ်။

ချမ်း လွယ်ထားသော ကျောပိုးအိတ်ကို ဧည့်ခန်းထဲက ဆိုဖာခုံပေါ် ပစ်တင်ပြီး အပေါ်ထပ်ကို တတ်လာလိုက်သည်။

ညီလွန်းစေ အခန်းရှေ့ရောက်တော့ တံခါးကိုမခေါက်တော့ပဲ ဒီအတိုင်း၀င်သွားလိုက်သည်။

အပြာနုရောင် အိပ်ရောင်ထက်၀ယ် အဖျားရှိန်နဲ့ အိပ်မောကျနေတာတောင် ထိုလူသားဟာ ကြည့်ကောင်းသည်။ ညိုစိမ့်စိမ့် အသားအရည် ကလည်း ထိုသူနဲ့ လိုက်ဖက်သလိုပဲ။

ကုတင်နား တိုးကပ်သွားလိုက်ပြီး နဖူးပေါ် လက်တင်ကာ အဖျားစမ်းလိုက်ချိန် မိမိလက်ကို ဖြတ်ခနဲ ဆွဲကိုင်ပြီး အိပ်ယာမှ ကုန်းရုန်းထကာ လက်ကို လိမ်ချိုးလိုက်သော သူ

ချမ်း - အ့ အ့ နာတယ်။

လွန်းစေ - Baby!!

ညီလွန်းစေ အဲ့တော့မှ ချမ်း လက်ကို လွှတ်ပေးပြီး နာသွားသော လက်ကို နှိပ်နယ်ပေးနေသည်။

လွန်းစေ - Sorry ကိုယ် ယောင်သွားလို့ အရမ်းနာသွားလား။

ချမ်း - နာမနာ ခင်ဗျား ခံကြည့်ပါလား။ လူကို သူ့အားကြီးနဲ့။ ဒါလား ဖျားနေတဲ့လူ။

လွန်းစေ - ကိုယ် ဖျားနေတာမို့China မသွားဖြစ်တော့ဘူး။ ဟိုဘက်က လူတွေကလည်း ဒီကို လာမယ်ဆိုတာကြောင့်ရော ပါတယ်။

ချမ်း -  ဒါဆို China ကို လုံး၀မသွားဖြစ်တော့ဘူးပေါ့။

လွန်းစေ - အင်း Baby က သွားချင်လို့လား။ ကိုယ်နေကောင်းရင် လိုက်ပို့ပေးမယ်။

ချမ်း - ရတယ် မလိုဘူး။

ချမ်း အကြံအိုက်သွားသည်။ သူတရုတ်ကို မသွားရရင် ထိုသူကို ဘယ်လိုရှာရမလဲ။ လွန်းစေ နေကောင်းမဲ့ အချိန် ဆို ဒီမှာက မင်္ဂလာပွဲ အတွက် အကုန် စီစဥ်ပြီးလောက်ပြီ။ မင်္ဂလာပွဲ ရောက်ဖို့ ၂ပတ်လားပဲ လိုတော့သည်။

One And Only { တစ်ဦးတည်းသော} { Z & U }Opowieści tętniące życiem. Odkryj je teraz