🐷4🐷 [ Zawgyi ]

51 5 0
                                    

ဇွဲ - ကိုညီလွန်းစေ နဲ့ အခုလို အလုပ်အတူတူတွဲလုပ်ရလို့ ကျွန်တော် အများကြီး ၀မ်းသာပါတယ်။

လွန်းစေ - ကျွန်တော်လည်း အစ်ကို တို့နဲ့ အတူတူ လက်တွဲရတာပျော်ပါတယ်။ ကျွန်တော် အသက် ၂၇ ပါ။ အစ်ကိုကရော

ဇွဲ - ကျွန်တော်လည်း ၂၇ ပါ ရွယ်တူတွေဆိုတော့ ရင်းရင်းနှီးနှီး ဇွဲလို့ ခေါ်ပါ။

လွန်းစေ - ကောင်းပါပြီ ဇွဲ။ ကျွန်တော့်ကိုလည်း လွန်းစေ လို့ ခေါ်ပါ။ ဒါနဲ့ ဇွဲ တို့နှစ်ယောက်က အရမ်းလိုက်ဖက်တယ်။ ချစ်သူဖြစ်တာ ဘယ်လောက်ကြာပြီလဲ။

ဇွဲ - ၇ နှစ် ပြည့်တော့မှာ။

လွန်းစေ - Wow!!

ဇွဲ - ကျွန်တော်တို့ anni နေ့ကို ဒီမှာ ကျင်းပချင်တယ်။ ကြိုတင် ဘိုကင် လုပ်ထားလို့ ရမလား။

လွန်းစေ - ရတာပေါ့။ ကျွန်တော် အကောင်းဆုံး လုပ်ထားပေးမယ်။

ဇွဲ - ကျေးဇူးပါဗျာ

ဇွဲ ကတော့ ထိုနေ့တွင်  ချစ်ရသူကို လက်ထပ်ခွင့်တောင်းဖို့ ကြံရွယ်ထားသည်။
%
%
%
ချမ်း - ကိုကို ရမာန်မိုးပြည့် ကိုခေါ်ပေး။

- Dr က ခွဲခန်းဝင်နေတယ်ရှင့်။

ချမ်း - ဒါဆိုလည်း စောင့်နေမယ်။ ကိုကို ခွဲခန်းက ထွက်လာရင်တာ ဒီလွှတ်လိုက်!

အကြောကြီးနဲ့ ပြောလာသော ထိုလူကို ရိုက်သတ်ပစ်ချင်လိုက်တာ။ လက်မောင်းမှာလည်း ဟက်တက်ကြီးခွဲနေတဲ့ ဒဏ်ရာ! သွေးသံတရဲရဲ နဲ့ ဆေးရုံကို ရောက်လာပြီး Dr.ရမာန် ကလွဲ ဘယ်သူနဲ့မှ ဆေးအထည့်မခံတဲ့ ကောင်လေး!

သွေးလွန်ပြီး သေသွားမှ မိမိတို့ဆေးရုံ တရားစွဲခံရင် ဒီငရဲသားကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်းပဲ လိုက်သတ်မှာ

၂နာရီကျော်လောက် ကြာမြင့်သွားတဲ့ အချိန်မှာတော့ Dr.ချစ်ဉီးကိုကို နဲ့ အတူ ခွဲခန်းထဲမှ ထွက်လာသော ရမာန်မိုးပြည့် နဲ့ ထူးချစ်ကို!!

- Dr.ရမာန်

ရမာန် - ဟုတ်ကဲ့ ဆရာမ

- အရေးပေါ်ဌာနက လူတစ်ယောက်က Dr မလာမချင်းဆေးမထည့်ဘူးဆိုပြီး ပေကပ်နေတယ်။ သွေးတွေကလည်း အရမ်းထွက်နေတာကို

One And Only { တစ်ဦးတည်းသော} { Z & U }Donde viven las historias. Descúbrelo ahora