🐷10🐷 [ Unicode ]

76 6 1
                                    

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်

ရမာန် - ကိုကို ကျွန်တော် ရင်တွေခုန်နေတယ်။

ဇွဲ - ကိုကိုရောပဲ။ အခုက တူတစ်ယောက်အနေနဲ့ မဟုတ်ပဲ သားတစ်ယောက်အနေတဲ့ သွားတွေ့ရမှာဆိုတော့။

ရမာန် - ဟူး အဆင်ပြေမှာပါ

လေယာဥ်ထွက်ခွာတော့မည်ဖြစ်ကြောင်း ဆော်သြသံကြားမှ နှစ်ယောက်သား စိတ်ကို လျော့ကြပြီး လက်မှတ်စစ်တဲ့နေရာဘက်ကို ထွက်လာလိုက်သည်။

မိနစ်၂၀လောက်အကြာမှာတော့ ဇွဲရောင်စဥ် တို့ လိုက်ပါစီးနှင်းမဲ့ လေယာဥ်ပျံကြီးဟာ တဖြည်းဖြည်းနဲ့ ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။

၄နာရီကျော်ကြာအောင် စီးပြီးတဲ့ရောက် ရှန့်ဟိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆိုက်ရောက်လာသည်။

ဇွဲ - ရလေး ရလေး  ထတော့ ကိုကို တို့ ရောက်ပြီ

ပခုံးပေါ် ခေါင်းတင်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ချစ်ရသူလေးကို နှိုးလိုက်တော့ အင်းအဲ နဲ့ နိုးလာပြီး တ၀ါး၀ါး သမ်းလို့

ရမာန် - ဝှား ရောက်ပြီလား အိပ်ချင်သေးတယ် ဟီး

ဇွဲ - အိပ်ချင်ရင် ဟိုတယ်ရောက်မှ အိပ်။ ကဲ ထတော့

မထနိုင်သော ၀က်ကလေးကို မနည်းဆွဲထူလိုက်ရသည်။ ဒီကောင်လေး တော်တော် ၀လာတာပဲ။

တက္ကဆီငှားတာ ကြိုတင်ပြီး ဘိုကင်လုပ်ထားသော ဟိုတယ် လိပ်စာကို ပြောလိုက်သည်။ ဘေးနားက ကောင်လေး ကတော့ အိပ်လျက် ပါလာတယ်။ တော်တော် အိပ်နိုင်တဲ့ ဟာလေး

အိပ်လည်း အိပ်နိုင်သလို စားလည်း စားနိုင်တယ်။ အလုပ်မှာလည်း ဖင်ပေါ့သလားမ​ပြောနဲ့။

သူများတွေဆို မရောက်ဖူးတဲ့ နေရာရောက်ရင် စူးစမ်းချင်ကြတာ။ သူကတော့ အဲ့လိုမဟုတ်ဘူး။ ဟုတ်သားပဲ ကမ္ဘာပတ်နေတဲ့ လူက ဒီလိုနေရာတွေကို ရောက်ဖူးပြီးသားလေ။

ဟိုတယ်ရောက်တော့လည်း ထိုကာလနဂါးလေးကို နှိုးရပြန်သည်။

ဇွဲ - ရလေး ထတော့

One And Only { တစ်ဦးတည်းသော} { Z & U }Tempat cerita menjadi hidup. Temukan sekarang