ချမ်း - ကိုကို ! ဖေမာန် ဖေဆက် မင်္ဂလာပါဗျာ။ ကျွန်တော်က ချမ်းမြေ့သော်ပါ။
မိမိတို့အနားကို ရောက်လာသော ကောင်လေး ကို ကြည့်လိုက်တော့ ဓာတ်ပုံထဲမှာ မြင်ဖူးနေကြကောင်လေး။ ဟိုနေ့က အိမ်လာသွားတာကို ပြန်မှတ်မိပြီးမှ သတိရတာ
- အော် ဆောင်း ရဲ့ သားအငယ်ဆုံး။
- မင်္ဂလာပါ သား။
ချမ်း - ကိုကို ကျွန်တော် အနာ ချုပ်ရိုးပြေသွားတယ်။
ရမာန် - ချုပ်ရိုးပြေလည်း တခြားဆရာ၀န်နဲ့ ပြန်ချုပ်လိုက်။ ဒီနေ့ ကိုယ်မအားဘူး။
ချမ်း - မရဘူး ကိုကို ပဲ ပြန်ချုပ်ပေး။
ရမာန် - ကိုယ် မအားဘူးလို့ သော်လေး။ ဒီနေ့ ပါးပါး ကို ဆေးစစ်ပေးမှာမို့ ပါးပါး အနားမှာ ကိုယ်နေမလို့။
ချမ်း - ဖေဆက် ပြီးတဲ့ အချိန်ထိ ကျွန်တော်စောင့်ပါမယ်။
ပြောမရဆိုမရ ကောင်လေးကို ဘာမှ ပြန်မပြောတော့ပဲ ပါးပါးကို တွဲကာ ဆေးရုံထဲ ၀င်လာလိုက်သည်။
မာန် ကတော့ သူ့သားအတွက် အရမ်းကို စိုးရိမ်နေပြီ။ ချမ်းမြေ့သော် ဆိုတာ လိုချင်တာ မရရအောင် ယူတတ်တဲ့ ကောင်လေးဖြစ်ကာ တစ်ဇွတ်ထိုးတစ်ဇောက်ကန်း သမားလည်း ဖြစ်သည်။ ခြူး ပြောပြချက်ကြောင့် သူ့အစ်ကိုဇွဲရောင်စဥ် ကိုလည်း အမျက်မပြေဘူးတဲ့။
- သား ရလေး
ရမာန် - ဗျာ ဖေဖေ
- ချမ်းမြေ့သော် နဲ့ ဝေးဝေးနေနော်။
ရမာန် - ဟုတ်ကဲ့ပါ ဖေဖေ။
ရမာန် ကိုယ်တိုင် နှလုံးရောဂါအထူးကုဆရာ၀န်ကြီး Dr. ဦးမျိုးထိုက် နဲ့ တွေ့ကာ သူ့ပါးပါး ရောဂါအကြောင်းကို ဆွေးနွေးတိုင်ပင်ကာ ဆေးစစ်ချက်တွေ ပြုလုပ်ပေးသည်။
၃နာရီကျော်လောက် ကြာမြင့်သွားတော့ ဆေးစစ်ချက် တွေ ရလာသည်။ နည်းပညာတွေ တိုးတတ်လာတဲ့နဲ့ အမျှ အရင်လို ရက်တွေမချိန်းတော့ပဲ နာရီအနည်းငယ်လောက် စောင့်လိုက်ရုံနဲ့ အဖြေကရပြီ ဖြစ်သည်။
- လူနာ က ဆေးပုံမှန်သောက်လို့ ထင်တယ်။ အကုန်ကောင်းတယ်။ အစားအသောက်လည်း သေချာဂရုစိုက်ပေးပါ။ နှလုံးရောဂါ သမားဆိုတော့ အစစအရာရာ သတိထားပေးပါ။
YOU ARE READING
One And Only { တစ်ဦးတည်းသော} { Z & U }