🐷1🐷 [ Unicode ]

302 10 1
                                    

- သား ပစ္စည်းတွေ စုံပြီလား

- စုံပြီ Daddy!!

- ပါးပါးသားက ဘာဖြစ်နေတာလဲ။

- မွေးရပ်မြေကို ပြန်ရတော့မယ် ဆိုတော့ ရင်ခုန်နေတာ ပါးပါး ရဲ့။ထူးချစ်ကို ကိုလွမ်းလို့။ တီတီခြူး တို့ကိုလည်း လွမ်းတယ်။

- အလွမ်းဆုံးက သားကိုကို့ ကို မလား။

- ဟီး Daddy ကလည်း

အသက် ၂၃ နှစ်ပြည့်သွားပေမယ့် အခုထိ ကလေးလို ချွဲနွဲ့နေတုန်း ဖြစ်တဲ့ သားဖြစ်သူကြောင့် မာန် နဲ့ ဆက်ပိုင် အချစ်ပိုရသည်။

အနည်းငယ် ၀တာလေး တစ်ခုပဲ ရှိပေမယ့် ကျန်တာဘာမှ ပြောစရာမရှိအောင် ရမာန်မိုးပြည့် က ချစ်စရာ အလွန်ကောင်း

အထွေထွေရောဂါ အထူးကုဆရာ၀န် တစ်ဦးဖြစ်တဲ့ ရမာန်မိုးပြည့်က ထိုင်းမှာ မနေလိုပဲ မွေးရပ်မြေကို ပြန်ချင်တယ်ဆိုတာကြောင့် အချိန်အကြာကြီး ခွဲခဲ့ရသော မြန်မာနိုင်ငံကို  ပြန်အခြေချဖို့ ဖြစ်လာခဲ့သည်။

- ပြီးရင် သွားရအောင်ဟေ့!!

ဦးဧမာန်မင်းခန့် ရဲ့ ဆော်သြမှုကြောင့် ကားပေါ် အထုတ်အပိုးတွေ တင်ကာBankok Internation Air Port ကို ထွက်လာခဲ့သည်။

ဒီလိုဖြင့် အမိမြေကို ၂၀၃၀ ခုနှစ် မှ ကျောခိုင်းခဲ့သော မာန် တို့ မိသားစုဟာ ၂၀၄၃ ခုနှစ်မှာ အမိမြေကို ပြန်လာခဲ့သည်။
%
%
%
ရန်ကုန်မြို့ ရဲ့ နိုင်ငံတကာ အဆင့်မှီ ဆေးရုံကြီး တစ်ခုတွင် ဆရာ၀န်တွေ  သူနာပြုတွေ ပြာပန်းခတ်နေသည်။

အရင်နှစ်တွေများဖြင့် ခြားနားစွာ ခေတ်မှီတိုးတတ်လာသော နည်းပညာ၊ စက်ပစ္စည်းများဖြင့် ကုသပေးသော ဆေးရုံကြီး!!! ဆေးရုံရှိ ဆရာ၀န် များမှာလည်း သူတို့ရဲ့ တာ၀န်ကို မလစ်ဟင်းစေရ၊

ဆင်းရဲချမ်းသာမရွေး ကုသခွင့်ရှိသော ဆေးရုံကြီး တစ်ရုံမို့ အနယ်အနယ်အရပ်ရပ်က လူများကလည်း လာရောက်ကုသကြသည်။ 

ဆေးရုံအုပ်ကြီး ဒေါက်တာချစ်ဦးကိုကို ကလည်း လူနာတွေကို အစဥ်တစိုက် ဂရုစိုက်မြဲ။ ဒုတိယဆေးရုံအုပ်ကြီးကတော့ ဘုန်းသု၀ဏ်

One And Only { တစ်ဦးတည်းသော} { Z & U }Donde viven las historias. Descúbrelo ahora