Unicode font
ချစ်၍ ချစ်သော [ Lovely gentleman ]
အပိုင်း (၃)ကျောင်းတက်ရတဲ့နေ့ရက်တွေဟာ ဘယ်လိုကုန်ဆုံးသွားမှန်းမသိ။ အိမ်မှူးနောက်ဆုံးနှစ်ဖြေပြီးချိန်မှာတော့ ကိုကိုဟာ မန္တလေးဆေးရုံ၌ လက်ထောက်ဆရာဝန်အဖြစ် ပြောင်းရွေ့ရန် တာဝန်ကျလာခဲ့ပါသည်။
"ကိုကို အိမ်မှူးရောလိုက်မှာနော် ကိုကိုမရှိရင် တစ်ယောက်တည်းလွမ်းနေရမှာ"
ကိုကို့လက်မောင်းကိုမှီတွယ်ထားရင်း မျက်ရည်မကျအောင်ထိန်းကာ ပြောလိုက်ပေမယ့် တလိမ့်ချင်းစီးကျသွားလို့ ဘာမှမတတ်နိုင်ခဲ့ပါ။
"အိမ်မှူးလေး မငိုနဲ့လေ အခုလိုက်လို့ဘယ်ရဦးမလဲ ကိုကိုတို့ လက်မထပ်ရသေးဘူးလေ"
ကြင်နာစွာမျက်ရည်တွေသုတ်ပေးနေတဲ့ကိုကိုနဲ့ တစ်ရက်လေးတောင် မခွဲချင်ပါ။ ချစ်သူဖြစ်ပြီးကတည်းက ဘယ်တုန်းကများ ၂၄ နာရီကြာအောင် မတွေ့ပဲနေခဲ့ဖူးလို့လဲ။
"အဲ့ဒါဆိုလဲ အခုချက်ချင်းဆောင်မယ် လိုက်ချင်ပါတယ်ဆို"
ကိုကိုတစ်ယောက်တည်း သွားခိုင်းလိုက်ရမှာ အိမ်မှူးဘယ်လိုမှ စိတ်မချနိုင်ပါ။ ဒီခေတ်ကြီးကလွယ်မဟုတ်။ ဆရာဝန် လူပျိုလေးဆိုပြီး အပိုင်ဖမ်းချင်နေတဲ့မိန်းမတွေနဲ့တွေ့မှ သူမပဲ ရင်ကွဲရမှာ။ မဟုတ်ပါဘူး။ အဲ့လို ဆရာဝန်ဆိုတဲ့ဂုဏ် မပါရင်တောင် အရမ်းသန့်တဲ့ကိုကိုကို မိန်းကလေးတချို့ ငေးမောကြတာလဲ အိမ်မှူး အသိဆုံးပါ။
"အဲ့လို မဆိုးရဘူးလေ နောက်လကျရင် မမသွန်းမင်္ဂလာဆောင်မှာလေ သူတို့မင်္ဂလာပွဲပြီးမှ ကိုကိုတို့အလှည့်ပေါ့"
ဟုတ်သားပဲ။ မမသွန်းမင်္ဂလာဆောင်ဖို့ ဆယ်ရက်လောက်ပဲ လိုတော့တာကို။ အိမ်မှူး မင်္ဂလာဆောင်ချင်လို့မှ မဖြစ်သေးတာ။ အဲ့ဒီမမသွန်းကလဲ ကိုတက်တိုးနဲ့လက်ထပ်ဖို့ကို ဘာမှန်းမသိ အချိန်ဆွဲနေခဲ့လို့ ဒီချိန်ထိရောက်လာခဲ့တာပါ။
"ဒါပေမယ့် ကိုကိုနဲ့အကြာကြီးခွဲနေရမှာလေ ကိုကို့မျက်နှာကိုလဲ မမြင်ရဘူး အဲ့လိုအကြာကြီးလဲ မခွဲဖူးပဲ"
YOU ARE READING
8️⃣ ချစ်၍ချစ်သော [ Lovely gentleman ]
Romanceလူတိုင်း လူတိုင်းမှာ အချစ်ဦးဆိုတာ သေချာပေါက် ရှိခဲ့ဖူးကြမှာပါ။ အဲ့ဒီအချစ်ဦးနဲ့ ကွဲသွားကြတဲလူတွေရှိသလို ထာ၀ရလက်တွဲသွားနိုင်တဲ့လူတွေလဲ ရှိပါတယ်။ ဖူးစာဆိုတာက ကံတရားက သတ်မှတ်ပြီးသားလား၊ ကိုယ်ရွေးချယ်လို့ ရသလားဆိုတာ .... သည်ဇာတ်လမ်းလေးထဲမှာ နှင်းအိမ်မ...