အပိုင်း ( ၂၁ )

7.4K 217 3
                                    

Unicode font

ချစ်၍ ချစ်သော [ Lovely Gentleman ]
အပိုင်း (၂၁)

ဒီရက်ပိုင်း ပျောက်နေတဲ့ဒေါ်ရတီဖူးဟာ သမီးနဲ့အတူ ဒီနေ့တော့ ဆိုက်ဆိုက်မြိုက်မြိုက် ပေါက်ချလာခဲ့ပါပြီ။ ဘာတွေထပ်ပြောပြီး ဘာတွေများ စိတ်ဒုက္ခပေးဦးမယ်မသိ။
ထိပ်ထားဦးကတော့ သူ့ဘာသာ ပုံမှန်ဆိုပေမယ့် ဒေါ်ရတီဖူးက တစ်ခုခုကို သိချင်နေပုံပင်။ အိမ်မှူး မသိချင်ယောင်ဆောင်ထားရင်း မသိမသာ အကဲခတ်နေမိသည်။
ဧည့်ခန်းထဲမှာ ဒေါ်ရတီဖူးက အိမ်မှူးနဲ့အတူ ဝင်ထိုင်လိုက်ပေမယ့် ထိပ်ထားဦးကတော့ အဖွားအခန်းထဲ ဝင်သွားလေသည်။ အဖွား ခိုင်းစရာရှိလို့ ခေါ်ထားပုံပါ။ အဲ့လိုပဲ အဖွားက အရေးကြီးကိစ္စတွေဆို မြေးတွေကိုသာ ခိုင်းတတ်ပါသည်။

"အိမ်မှူး မိဘတွေဆီ အလည်မသွားဘူးလား"
"သွားလည်ပါတယ်မာမီ ဦးခေါင်ထွဋ်အားတဲ့အချိန် လိုက်ပို့ပေးတယ်"
"သြော်... ဒါနဲ့ ခေါင်က အခုတလော ပုံမှန်ပြန်လာရဲ့လား"
"ဟုတ် ပြန်လာပါတယ် အရင်ထက်စောပြီးတောင် ပြန်လာသေးတယ် မာမီ အခုနောက်ပိုင်း အလုပ်တွေကို လွဲစရာရှိတဲ့လူတွေ လွဲထားပြီး လျော့လုပ်နေတယ်တဲ့ နည်းနည်းပါးပါး ကြည့်ရုံလောက်ပဲ လုပ်တော့တာ သားလေးမွေးတဲ့အချိန် ဂရုမစိုက်နိုင်မှာ စိုးလို့တဲ့"
"သြော် ကောင်းတာပေါ့ မိန်းမနဲ့ကလေးကို ဂရုစိုက်သားပဲ"
"ဟုတ်တယ်မာမီ မထင်ထားလောက်အောင်ကို ဂရုစိုက်တယ်"

ပိုပိုသာသာလေး ပြောပစ်လိုက်သည်။ ဒီထက်ပိုပြီး ဘာမှ ထပ်မလုပ်အောင်ပေါ့။ မာမီပုံစံ ကြည့်ရသည်မှာ သူထင်ထားသလို မဖြစ်လာလို့ ဇဝေဇဝါ ဖြစ်နေပုံပင်။
ဒီအချိန်မှာပဲ ဖုန်းသံကြားလို့ ဖွင့်ကြည့်လိုက်ရာ

"ဟင်..."

Viber မှတဆင့် မသိတဲ့ဖုန်းနံပါတ်တစ်ခုမှ ဓါတ်ပုံတစ်ပုံပို့ထားတာ တွေ့လိုက်ရသည်။ ဦးခေါင်ထွဋ်ရဲ့နဲ့မိန်းမတစ်ယောက်ပုံပါလား။ ရုတ်တရက် ကြည့်လိုက်ရင် ပွေ့ဖက်နေသလို ထင်ရသည်။ ဒါ သူ့ကို ရေမွှေးဆွတ်သွားတဲ့ မိန်းမပဲ။ နှစ်ယောက်လုံးရဲ့ အဝတ်အစားတွေကြောင့် ထိုနေ့ကပဲ ဆိုတာ ခန့်မှန်းမိသည်။ ဒါပေမယ့် နှစ်ယောက်သားက အိပ်ခန်းထဲမှာပါ။
ဓါတ်ပုံကိုကြည့်ပြီး မှင်သက်နေတဲ့အိမ်မှူးကြောင့် ဒေါ်ရတီဖူး ကြိတ်ကာ ပြုံးလိုက်မိသည်။ ခေါင်ထွဋ်ဦးဟာ အခုတလော အလုပ်နဲ့ အိမ်ကလွဲပြီး ဘယ်မှ မသွားတတ်သောကြောင့် ဒီလိုပုံရဖို့တောင် မနည်းဖန်တီးထားရတာမလား။
အဖွားအခန်းကနေ ပြန်ထွက်လာတဲ့ ထိပ်ထားဦးက တအံံတသြ ဖြစ်နေတဲ့အိမ်မှူး ပုံစံကြောင့် ဘေးနားလာထိုင်ကာ ဖုန်းကို ယူကြည့်လိုက်သည်။

8️⃣ ချစ်၍ချစ်သော [ Lovely gentleman ]Where stories live. Discover now