Unicode font
ချစ်၍ ချစ်သော [ Lovely gentleman ]
အပိုင်း (၁၃)"အမလေး ပေါ်လာသေးတယ် မီးအိမ်လေးရယ်"
ကားရပ်လိုက်တာနဲ့ ကားပေါ်က ပြေးဆင်းလာတဲ့ သမီးကို ဒေါ်ဝေဇင် လက်ကမ်းကြိုဆိုလိုက်သည်။
သားအမိနှစ်ယောက် ပွေ့ဖက်ကာ အလွမ်းသယ်နေကြပေမယ့် ခေါင်ကတော့ ဆင်းတာနဲ့ နောက်ဖုံးဖွင့်ကာ လက်ဆောင်ပေးဖို့ သစ်သီးဖာတွေ ချနေရသေးသည်။"ကိုခေါင် အသီးတွေ အများကြီးပဲ"
ဝဿန်က ယောက်ဖဖြစ်သူနဲ့အတူ သစ်သီးတွေ သွားသယ်ကူလိုက်ရင်း စကားရှာကာ နုတ်ဆက်လိုက်သည်။
"ဟုတ်တယ် မင်းအစ်မက အသီးအမြဲစားတတ်လို့ အိမ်အတွက် ဝယ်ရင်း ဒီအိမ်နဲ့ အဖိုးတို့အိမ်အတွက်ပါ ဝယ်ခဲ့တာ"
ဝဿန် ခေါင်ကို တစ်ချက်ပြုံးကြည့်ကာ အသီးဖာတွေ သယ်ပြီး အိမ်ထဲ ဝင်သွားလေသည်။ သူကတော့ ရိုးရိုးသားသား ပြုံးပြသွားတာဆိုပေမယ့် ခေါင် မလုံမလဲ ဖြစ်သွားမိသည်။ ဘာဖြစ်လဲကွာ သူ့အစ်မကို ချစ်လို့ ဂရုစိုက်တာပဲဟာကို။ သို့သော် သူ့စိတ်ထဲ ရှက်မိသလိုဖြစ်သွားရတာတော့ အမှန်ပင်။
"သမီးဘာသာ လာမလို့ပဲ ဦးခေါင်ထွဋ်က သူအားတဲ့နေ့မှ လိုက်ပို့ပေးမယ်ဆိုပြီး စောင့်ခိုင်းထားလို့ သမီးတို့ မေမေနဲ့ အိမ်နီးရင် ကောင်းမယ် ဒါမှ နေ့လယ်ဆို ဒီမှာ လာနေလို့ရတာပေါ့ အန်တီဝါဆိုရော အလည်မလာဘူးလား"
"ဝါဆို ခရီးသွားတယ် သားအမိနှစ်ယောက် ပုဂံဘုရားဖူးရင်း ဘုန်းသန့်ဆီလဲ ဝင်လည်မယ်တဲ့"ဒေါ်ဝေဇင် သမီးမျက်နှာကို အကဲခတ်သလိုကြည့်ရင်း ဖြေလိုက်သည်။
"သြော်... ဖေဖေရော"
ဘုန်းသန့်နာမည်ကြားပေမယ့် အိမ်မှူးက ဘာမှ မဖြစ်သလိုပဲမို့ ကြိတ်ပြီး သက်ပြင်းချလိုက်မိသည်။
"ရှိပါ့ဗျာ ဖေဖေ့သမီး လာမယ်ဆိုလို့ စောင့်နေတာ သွန်းဖြိုးတို့လဲ လာမှာတဲ့ ဒီနေ့ လူစုံတော့ မေမေက သမီးတို့အကြိုက် ဟင်းတွေ ချက်ထားတယ် သမက်အကြိုက်တော့ မသိသေးလို့ နောက်တစ်ခါမှ ချက်ကျွေးတော့မယ်ကွာ ဟားဟား"
YOU ARE READING
8️⃣ ချစ်၍ချစ်သော [ Lovely gentleman ]
Romanceလူတိုင်း လူတိုင်းမှာ အချစ်ဦးဆိုတာ သေချာပေါက် ရှိခဲ့ဖူးကြမှာပါ။ အဲ့ဒီအချစ်ဦးနဲ့ ကွဲသွားကြတဲလူတွေရှိသလို ထာ၀ရလက်တွဲသွားနိုင်တဲ့လူတွေလဲ ရှိပါတယ်။ ဖူးစာဆိုတာက ကံတရားက သတ်မှတ်ပြီးသားလား၊ ကိုယ်ရွေးချယ်လို့ ရသလားဆိုတာ .... သည်ဇာတ်လမ်းလေးထဲမှာ နှင်းအိမ်မ...