အပိုင်း ( ၁၂ )

8.3K 258 1
                                    

Unicode font

ချစ်၍ ချစ်သော [ Lovely gentleman ]
အပိုင်း (၁၂)

တင်းမာနေတဲ့ သူ့မျက်နှာကြီးကို ကြည့်ပြီး စိုးရိမ်လာမိသည်။ အဲ့လို ခပ်တည်တည်နေရင် နဂိုထဲကမှ ရုပ်တည်ကြီးဖြစ်တဲ့လူဟာ ပိုပြီး ကြောက်စရာ ကောင်းပါသည်။

"လာ..."

အိမ်မှူးရဲ့ လက်ကောက်ဝတ်ကို ကိုင်ဆွဲကာ အခန်းထဲခေါ်ခဲ့လို့ ပါလာခဲ့ရသည်။ သူက ဘာလို့ စိတ်တိုနေရတာလဲ။ ဘာလဲ။ သူ့အကြောင်းတွေ ပြောနေတာမကြိုက်လို့ စိတ်ဆိုးပြီး ရိုက်မလို့လား။ ဘုရား ဘုရား တကယ်သာ ရိုက်ရင်တော့ အိမ်မှူးထက် ခေါင်းတစ်လုံးစာပိုမြင့်ရုံမက တောင့်တင်းကျစ်လစ်တဲ့ ခန္ဓာကိုယ်နဲ့ ဒီလူလက်ထဲ သေဖို့သာ ရှိလေသည်။

"ပြော... "
"ဟမ် ဘာ ဘာပြောရမှာလဲ"
"ကိုယ့်အပေါ် မကျေနပ်တာတွေ အားလုံးပြော မင်းရင်ထဲ ခံစားရသမျှ ဘာမဆို နားထောင်ပေးမယ် နှာဗူးကြီးလို့ ပြောလဲရတယ် ဒါပေမယ့် ကိုယ့်ကို အခုလိုပုံစံမျိုး မဆက်ဆံပါနဲ့ ကိုယ်မနေတတ်ဘူး မင်းသိလား အိမ်မှူး မင်းက ကိုယ်ချစ်လို့လက်ထပ်ထားတဲ့ ကိုယ့်ရဲ့ဇနီးမယား သူတို့နဲ့ပတ်သက်ခဲ့ဖူးတာက လူငယ်တစ်ယောက် အနေနဲ့ အပျော်သဘောမျိုးပဲ ကိုယ် ဘယ်သူ့အပေါ်မှာမှ ယုတ်မာခဲ့တာမျိုး မရှိဘူး နှစ်ဦးသဘောတူ လိုချင်တာတွေ ပေးပြီး ပတ်သက်ခဲ့ရုံပဲ ပြီးတော့ မင်းနဲ့လက်ထပ်မယ်ဆိုကတည်းက ဒီလိုကိစ္စတွေနဲ့ ကင်းရှင်းအောင် နေခဲ့တာ ခုချိန်ထိပဲ ဟုတ်တယ် ကိုယ်က မင်းပြောသလို နှာဗူးပါ ဒါပေမယ့် မင်းကို မင်းသဘောမတူပဲ ဘာလုပ်ခဲ့လို့လဲ အဲ့ဒါမင်းသိလား မင်းကိုအရမ်းချစ်လို့ မင်းကို တန်ဖိုးထားလို့ဆိုတာ..."

စိတ်ဆိုးပြီး လေသံမာမာနဲ့ ပြောနေတဲ့ သူ့ကို ကြောက်လန့်သွားမိကာ သူမခြေထောက်တွေ မခိုင်တော့လို့ ကုတင်ပေါ်ထိုင်ကာ တအိအိ ရှိုက်ငိုလိုက်မိပြန်သည်။ စိတ်ဆိုးရမှာက အိမ်မှူးလေ။ သူက ဘာလို့ ပြန်စိတ်ဆိုးနေရတာလဲ။ သူ့ညီမ ထ်ိပ်ထားဦးလိုပဲ လူကို ရိုက်ချင်နေပြီလား။ အိမ်တွင်းအကြမ်းဖက်မှုဆိုတာ ကြားဖူးခဲ့ပေမယ့် အခုလို လက်တွေ့ကြီး ကြုံတွေ့ရလိမ့်မယ်လို့ မထင်ခဲ့ဖူးပါ။

8️⃣ ချစ်၍ချစ်သော [ Lovely gentleman ]Where stories live. Discover now