အပိုင်း ( ၁၉ )

7.9K 219 1
                                    

Unicode font

ချစ်၍ ချစ်သော [ Lovely Gentleman ]
အပိုင်း (၁၉)

သိပ်မကြာခင် ခေါင် ရောက်လာပြီး ညနေစာ စားနေချိန်တွင် အဖွားက အိမ်ပြောင်းပြီး လာနေဖို့ ထပ်ပြောပြန်သည်။

"ခေါင်ရေ မနက်ဖြန် အိမ်ပြောင်းပြီး လာနေတော့နော် အိမ်လေးကိုလဲ ဖွားပြောထားပြီးပြီ... "

ခေါင် သူ့နဘေးက အိမ်မှူးကို စောင်းငဲ့ကြည့်လိုက်တော့ အေးဆေး စားသောက်နေလေသည်။ အရင်က ဒီအိမ်ကို ပြောင်းနေဖို့ အင်မတန် ကြောက်ခဲ့သူက ခုတော့ ဘာမှမတုန်လှုပ်ပါလား။

"အိမ်လေး မနက်ဖြန်ပြောင်းနေဖို့ အဖွားနဲ့ သဘောတူထားပြီးပြီပေါ့"
"ဦးခေါင်ထွဋ်သဘောပဲလေ... "

ခေါင် အိမ်မှူးစကားကြောင့် မျက်ခုံးအစုံတို့ ပင့်တက်သွားရရင်း

"ကိုယ့်သဘောဆိုရင်တော့ အဖွားတို့နဲ့ နေချင်တာပေါ့... အဖွားတို့လဲ အသက်ကြီးပြီလေ ကိုယ်တို့ အတူတူ လာနေသင့်တာပေါ့"

ဒါက သူ့စိတ်ရင်း အမှန်ပါ။ အမျိုးအရင်းတွေ ရှိရဲ့သားနဲ့ အဖိုးအဖွား နှစ်ယောက်ပဲ မနေခိုင်းသင့်ပေ။ ပြီးတော့ မင်္ဂလာမဆောင်ခင်ထဲက ခဏခွဲနေပြီး ပြန်လာနေမယ်လို့ ပြောထားခဲ့တာကို။

"ဟုတ်..."

ခေါင်းငြိမ့်ပြပြီးတာနဲ့ ပုဇွန်ကို ဆက်ပြီး စားသောက်နေပြန်သည်။ နောက် တကယ်ပြောင်းရမှ မျက်ရည်ကျမလားတော့ မသိ။

"ထမင်းစားပြီးရင် အပေါ်ထပ် တက်ကြည့်လိုက်ဦး အိမ်လေး... ခေါင် အရင်က နေခဲ့တဲ့အခန်းပဲ လိုအပ်တာရှိရင် အဖွားဝယ်ပေးမယ်နော်"
"ဟုတ် အဖွား... "

အဖွားကို ပြန်ဖြေနေပုံ ကြည့်ရသည်မှာ တကယ်ပဲ ပြောင်းနေဖို့ကို သဘောတူပုံပါ။ အိမ်စုတ်လေးဟာ ကိုယ်ဝန်ရှိမှပဲ အရင်ထက်ပိုပြီး လူကြီးဆန်လာသလိုပင်။
ခေါင်နဲ့ အဖိုးအဖွားတွေ ပြုံးနိုင်သလောက် ဒေါ်ရတီဖူးကတော့ မပြုံးနိုင်ပဲ မမဲ့မိအောင်သာ ထိန်းပြီး နေနေရသည်။ ဒီအိမ်မှာ နေချင်လွန်းတဲ့ သားနဲ့ချွေးမကိုတော့ တစ်ချက်တောင် ဟန်ဆောင်ပြီး မခေါ်တဲ့ ယောက္ခမတွေကိုလဲ ကြိတ်ပြီး စိတ်တိုနေမိသည်။ နဘေးနားက ယောကျာ်းနဲ့သမီးဖြစ်သူကတော့ နှင်းအိမ်မှူး ဒီအိမ်မှာ ပြောင်းနေနေ မနေနေ သူတို့ကိစ္စလို့ တွေးမိပုံမရ။ ထိပ်ထားဦးဟာ မိခင်က ဒီအသိုင်းအဝိုင်းကြားမှာ ဘယ်လိုတွေ အောက်ကျနောက်ကျ သီးခံပြီး နေခဲ့ရတယ်ဆိုတာ သိသိရက်နဲ့ ဒီကိစ္စကို အစားအသောက်လောက်ပင် စိတ်မဝင်စား။ ဘယ်သူ့အပေါ်မှာ ဒေါသထွက်လို့မရတဲ့အဆုံး ထမင်းနဲ့အတူသာ ဒေါသတွေကို မြိုချနေရလေသည်။

8️⃣ ချစ်၍ချစ်သော [ Lovely gentleman ]Onde histórias criam vida. Descubra agora