Unicode font
ချစ်၍ ချစ်သော [ Lovely gentleman ]
အပိုင်း (၁၁)ရိုက်တော့မယ်ပုံမျိုးနဲ့ လက်ရွယ်လိုက်တဲ့ ထိပ်ထားဦးကြောင့် အိမ်မှူး စိတ်ထဲက လန့်သွားပေမယ့် ခပ်တင်းတင်း ပြန်ကြည့်လိုက်သည်။ ကိုယ့်ထက် အသက်ကြီးတဲ့ ယောင်းမကို မ,တပ်မခေါ်လို့ ဘယ်လိုခေါ်ရမှာလဲ။ တမင်အကျင့်ပုတ်ပြီး မထိပ်ထားဦးလို့ ခေါ်တာမဟုတ်သလို ကိုဦးလို့လဲ မခေါ်ချင်မိပါ။
"ကျွန်မကို ယဉ်ယဉ်ကျေးကျေးဆက်ဆံပါ မထိပ်ထားဦး ကျွန်မက အသက်ငယ်ပေမယ့် ရှင့်အစ်ကိုရဲ့မိန်းမ ရှင့်ယောင်းမဆိုတာ သတိရဦး"
အခုမှ အခန်းရှေ့သို့ ရောက်လာတဲ့ ခေါင်ရဲ့လက်က တံခါးလက်ကိုင် ဘုပေါ် ရောက်နေသော်လည်း အိမ်မှူး ပြန်ပြောလိုက်တဲ့ စကားကြောင့် အခန်းထဲ မဝင်မိသေးပဲ ဆက်ပြီး နားထောင်နေလိုက်သည်။ အဖိုးနဲ့ ဧည့်ခန်းထဲမှာ စကားပြောနေရင်း အိမ်မှူးတစ်ယောက်ထဲ အနောက်ထဲမှာ ကြာနေလို့ လာကြည့်စဉ်တွင် ထိပ်ထားဦး အိမ်မှူးကို ဆွဲခေါ်သွားတာတွေ့လို့ စိတ်ပူပြီး အပြေးလာခဲ့မိတာပါ။
"ဘာ $ ကောင်မလေး လူက လက်တောက်လောက်နဲ့ လာစွာနေသေး မင်းလိုမိန်းမက ခေါင်ထွဋ်ဦး ရိုးသွားတဲ့နေ့ဆို လမ်းဘေးရောက်မယ့် ဟာမျိုး"
"လမ်းဘေးရောက်ရအောင် ကျွန်မက နဂိုကတည်းက လမ်းဘေးမှာ နေခဲ့တာ မဟုတ်ဘူး ဦးခေါင်ထွဋ်နဲ့ မယူခင်ထဲက မိဘနဲ့ဆွေမျိုး အသိုင်းအဝိုင်းနဲ့ နေခဲ့တာရှင့် ရှင် ဘာပြောမလို့လဲ ပြောစရာရှိတာ အမြန်ပြော"တစ်ခွန်းမကျန် ပြန်ပြောနေတဲ့ နှင်းအိမ်မှူးဟာ အရင်က တွေ့ခဲ့တဲ့ ဘာမှ မသိတဲ့ အူကြောင်ကြောင်ရုပ်မျိုး တစ်ပြားသားမှ မရှိတော့။ ခေါင်ထွဋ်ဦး ဘာတွေ ပြောထားလို့လဲ။ ဒါမှမဟုတ် သူ့အစ်မများ သင်ပေးထားတာလား။
"မင်း မှန်မှန်ပြောစမ်း ဟိုတနေ့က အဖွား မင်းကို ဘာတွေ ပေးလိုက်လဲ"
"ဘယ်နေ့ကလဲ"အိမ်မှူး သိသိကြီးနဲ့ မသိယောင်ဆောင်ပြီး ပြန်မေးလိုက်သည်။ ဦးခေါင်ထွဋ်နဲ့ မမသွန်း ပြောပြပြီးလို့ အားလုံးသိပြီးတဲ့နောက်မှာတော့ သူ့ကို သီးခံနေစရာ ဘာအကြောင်းမှ မရှိတော့ပါ။
أنت تقرأ
8️⃣ ချစ်၍ချစ်သော [ Lovely gentleman ]
عاطفيةလူတိုင်း လူတိုင်းမှာ အချစ်ဦးဆိုတာ သေချာပေါက် ရှိခဲ့ဖူးကြမှာပါ။ အဲ့ဒီအချစ်ဦးနဲ့ ကွဲသွားကြတဲလူတွေရှိသလို ထာ၀ရလက်တွဲသွားနိုင်တဲ့လူတွေလဲ ရှိပါတယ်။ ဖူးစာဆိုတာက ကံတရားက သတ်မှတ်ပြီးသားလား၊ ကိုယ်ရွေးချယ်လို့ ရသလားဆိုတာ .... သည်ဇာတ်လမ်းလေးထဲမှာ နှင်းအိမ်မ...