အပိုင်း ( ၁၈ )

8.7K 221 1
                                    

Unicode font

ချစ်၍ ချစ်သော [ Lovely Gentleman ]
အပိုင်း (၁၈)

"သွားရအောင်လို့ နော် ဦးခေါင်ထွဋ်"
"မလိုသေးပါဘူးအိမ်လေးရာ နောက်ဆို သူ့ဘာသာ ရလာမှာပါ"
"သိပါတယ် ဒါပေမယ့် အိမ်မှူးသွားချင်လို့ပါ လိုက်ပို့ပေးပါနော်"

ခေါင် ဆေးခန်းပြဖို့ ပူဆာနေတဲ့ အိမ်လေးကို ကြည့်ကာ သက်ပြင်းချလိုက်ရင်း နေ့လယ်က ဘာရယ်မဟုတ် ရုတ်တရက် ပေါ်လာတဲ့အတွေးကို မပြောမိလိုက်ရင် အကောင်းသားလို့ တွေးလိုက်မိတော့သည်။

"ကိုယ် ပင်ပန်းနေလို့ပါ သွားချင်လဲ နောက်မှသွားမယ်နော် အခုက အရေးမကြီးသေးဘူးလေ"

သူ့ပုံစံက တကယ်ပဲ ပင်ပန်းနွမ်းနယ်နေပုံပေါက်လို့ အိမ်မှူး ဆက်ဂျီမကျရက်တော့ပေ။

"အဲ့ဒါဆို ဘယ်နေ့သွားမှာလဲ ဒီတပါတ်ပိတ်ရက် သွားမလား ဘယ် ဆရာဝန်ကောင်းလဲ စုံစမ်းထားလိုက်မယ်နော်"
"စုံစမ်းစရာမလိုဘူး ကိုယ်သိတယ် အတူတူသွားမယ်လေ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ စိတ်ထဲမှာ ထားမနေနဲ့ ကိုယ်က ဒီတိုင်း လျှောက်တွေးမိလို့ ပြောလိုက်မိတာ"
"မထားလို့ ဘယ်ရမလဲ ရှင်က မိန်းကလေးမှ မဟုတ်တာ မိန်းမတွေရဲ့ ခံစားချက်ကို ဘယ်နားလည်မလဲ"
"နားမလည်တာတော့ မဟုတ်ပါဘူးကွာ မဟုတ်တာတွေ လျှောက်တွေးပြီး စိတ်ထိခိုက်နေမှာစိုးလို့ပါ"
"ရှင် အလိုက်သိရင် ဘယ်သူက စိတ်ထိခိုက်နေမှာလဲ ဆေးခန်း သွားချင်ပါတယ်ဆို လိုက်ပို့ပေးလိုက်ပေါ့ အဲ့လို အလိုက်တသိ ဖြည့်ဆည်းပေးရင် ဘယ်သူက စိတ်ဆင်းရဲနေမှာလဲ"
"ဟုတ်ပါပြီ ကိုယ်မှားသွားပါတယ် ဒီလိုမှန်းသိရင် အရင်တုန်းက မိန်းမအစမ်းယူခဲ့ပါတယ် အဲ့ဒါမှ ဘာတွေ အလိုက်သိရမယ် ဖြည့်ဆည်းပေးရမယ်ဆိုတာ ကြိုသိပြီး ကိုယ့်ရဲ့အိမ်ကလေးကို ပြီးပြည့်စုံအောင် ထားနိုင်မှာ"

အိမ်မှူး သူ့ကို မျက်စောင်းချီလိုက်ရင်း

"ရှင်နော် ပြောလိုက်ရင် ဒါပဲ ပွေရှုပ်ဖို့ပဲ စိတ်ကူးနေတယ် ဒီမှာ ဘယ်လိုခံစားနေရလဲ မတွေးကြည့်ဘူး ဘာပဲဖြစ်ဖြစ် ရှင်ပြောသလိုပဲ တကယ်မရနေတာလေ အိမ်မှူး ကလေး မရနိုင်မှာ ကြောက်တယ်"

8️⃣ ချစ်၍ချစ်သော [ Lovely gentleman ]Where stories live. Discover now