အပိုင်း ( ၂၀ )

7.6K 221 2
                                    

Unicode font

ချစ်၍ ချစ်သော [ Lovely Gentleman ]
အပိုင်း (၂၀)

အိမ်မှူး ဧည့်ခန်းထဲ ထိုင်ကာ သိုးမွေးချည်ထိုးရင်း မနေ့ညက ဦးခေါင်ထွဋ်နဲ့ စကားများရတဲ့အကြောင်း စဉ်းစားနေမိသည်။ သက်သေပြမယ်ဆို ဘယ်လို သက်သေပြမှာလဲ။ ထပ်ပြီးလဲ မငိုချင်တော့။ ထပ်ပြီးလဲ မခံစားချင်တော့ပါ။
သူ့ကိုယ်မှာ ပါလာတဲ့ နုတ်ခမ်းနီရာကြောင့် ထပ်ပြီး မယုံသင့်တော့ပေမယ့် သူ့အပေါ် မယုံတာ တစ်ဝက် ယုံတဲ့စိတ်က တစ်ဝက်နဲ့ ဒွိဟဖြစ်နေမိသည်။ သူမကို အရမ်းချစ်တာမို့ မလုပ်လောက်ဘူးဆိုတဲ့ စုံလုံးကန်း ယုံကြည်မှုမျိုးနဲ့ သူ့ရဲ့ သက်သေကို ခိုင်မာစေချင်သေးသည်။
တကယ်တမ်းသာ သူ ဖောက်ပြန်ခဲ့ရင်ရော ဘာလုပ်ရမှာလဲ။ ဘာဆက်လုပ်သင့်လဲ။ ကွာရှင်းပေးရမှာလား။ အဲ့ဒီအတွေးနဲ့တင် မျက်ရည်တွေက ဝိုင်းလာပြန်သည်။ မငိုတော့ပါဘူးဆိုမှကွာ။

"နှင်းအိမ်မှူး... "

နောက်ကခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့ အထုပ်ကြီး တစ်ထုပ် ဆွဲကာ ဝင်လာတဲ့ ထိပ်ထားဦးကို တွေ့လိုက်ရသည်။

"ဒီဟာ လာပေးတာ.."
"သြော်... ကိုဦး... ဘာတွေလဲ... "

စားပွဲပေါ် တင်ပေးတဲ့အိတ်ကို ဖွင့်ကြည့်လိုက်တော့လဲ အထဲမှာ သေချာထုပ်ပိုးထားတဲ့ အထုပ်တစ်ခုသာ ဖြစ်နေပြန်သည်။

"ငါလဲ ဘာတွေလဲ သေချာမသိဘူး အခုမှ ဖွင့်ကြည့်ရမှာ ဘာတွေလဲ မသိဘူး... ဖွင့်ကြည့်လိုက်လေ"

အိမ်မှူး ထိပ်ထားဦးကို အူကြောင်ကြောင် ကြည့်လိုက်မိသည်။ သူ ယူလာတဲ့အထုပ်ကို သူကိုယ်တိုင်က ဘာတွေမှန်းသိဘူးဆိုတော့။ ထပ်မေးမနေတော့ပဲ စားပွဲပေါ်တင်ကာ ဖွင့်ကြည့်လိုက်သည်။

"အယ် ချစ်စရာလေးတွေ..."

ကလေးအင်္ကျီ ဦးထုပ် ဖိနပ်တွေသာမက ကလေးထုပ်တဲ့ အနှီးတွေပါ အစုံအလင် တွေ့လိုက်ရသည်။ ဒါလေးတွေ တွေ့လိုက်ရတော့ စိတ်ဆင်းရဲနေတာတွေ ခဏတာ မေ့သွားတော့သည်။
သူမနဲ့အတူ ထိုင်ကြည့်နေတဲ့ ထိပ်ထားဦးက ဖိနပ်သေးသေးလေးကို ကိုင်ကြည့်လိုက်ပြီး

"ဒီလောက်ထိ သေးလားကွာ မတော်ပဲ နေဦးမယ် ... "
"တော်ပါတယ် မွေးခါစကလေးက သေးသေးလေးလေ ကိုဦးရဲ့... "
"ဟုတ်လား ကလေးကစားစရာကျနေတာပဲ... "

8️⃣ ချစ်၍ချစ်သော [ Lovely gentleman ]Where stories live. Discover now