Unicode font
ချစ်၍ ချစ်သော [ Lovely Gentleman ]
အပိုင်း (၁၆)ဦးခေါင်ထွဋ်ပြောတာကို နားထောင်နေမိပေမယ့် သူနဲ့ဆုံတွေ့ဖူးတာကို အိမ်မှူး တကယ်ကို မမှတ်မိပါ။ ကိုကိုနဲ့ အရုပ်ဆိုင်သွားဖူးခဲ့တာက တစ်ခါထဲမှ မဟုတ်တာကို။ ဘယ်မှတ်မိမှာလဲလေ။
ပြီးတော့ သူမကို အဲ့လောက်ထိချစ်နေတဲ့လူ ကြွေနေတဲ့လူ ရှိလိမ့်မယ်လို့လဲ တစ်ခါမှ မထင်ခဲ့ဖူးပါ။ ကျောင်းတက်တုန်းက လာကြိုက်တဲ့လူတွေ ရှိပေမယ့်လဲ ရည်းစားရှိတယ်ဆိုတော့ နောက်ဆုတ်သွားကြတဲ့လူတွေချည်းပင်။ ဒီခေတ်ကြီးမှာ ဘယ်ယောကျာ်းမှ ကိုယ့်ကိုပြန်မကြိုက်မှာ သေချာနေတဲ့မိန်းကလေးကို ရေရှည်ချစ်ကြိုက်မနေတော့ပါ။ ဦးခေါင်ထွဋ်လဲ အတူတူပါပဲလေ။ တခြားမိန်းမတွေ အများကြီးနဲ့ တွဲရုံမက ချစ်သူရည်းစားအဆင့်ထက်တောင် ပိုခဲ့တဲ့လူပဲ။ ဒီလို တွေးလိုက်မိတော့လဲ သူ့ရဲ့ ချစ်တယ်လို့ တဖွဖွပြောတတ်တဲ့စကားဟာ ယုံချင်စရာ မကောင်းတော့ပါ။"ပြီးတော့ မင်းနဲ့မတွေ့ချင်လို့ ကြီးမေဆီကိုတောင် အလည်မသွားပဲ ရှောင်ပါတယ်ဆိုမှ ခဏခဏတွေ့နေရသေးတယ် bar မှာလဲ တစ်ခါ တွေ့သေးတယ် မင်းသူငယ်ချင်းတွေနဲ့"
"Bar??? အိမ်မှူး သိပ်မသွားဖူးပါဘူး ဝေဆာဘဲရသွားလို့ တစ်ခါပဲ သွားခဲ့ဖူးတာပါ ကိုကို မသွားခိုင်းလို့ ထပ်မသွားတော့ဘူး"
"ဟုတ်မယ် အဲ့ဒီတုန်းက မင်းကိုစိတ်မချလို့ စောင့်ကြည့်နေခဲ့ပေမယ့် အပြန်ကို ဘုန်းသန့် လာကြိုသွားတာပဲ မင်းက ကိုကို့စကားကိုတော့ အတော်နားထောင်ခဲ့တာနော် ခုချိန်ထိ ကိုယ့်ရှေ့မှာတောင် ကိုကို ကိုကိုနဲ့ ပါးစပ်ဖျားကမချ"အိမ်မှူး ရုပ်တည်ကြီးဖြစ်သွားတဲ့ သူ့မျက်နှာကို အားနာသွားကာ ကြည့်လိုက်မိရင်း
"ကိုကိုလို့ခေါ်တာက ရည်းစားမဖြစ်ခင် ငယ်ငယ်ကတည်းကဆိုတော့ နှုတ်ကျိုးနေတာပါ ချစ်သူကိုခေါ်သလို သဘောမျိုးနဲ့ ခေါ်နေတာ မဟုတ်ပါဘူး"
"ကိုယ်နားလည်ပါတယ် ဒါပေမယ့်... ကိုယ်မင်းကို မင်း ထင်ထားတာထက် ပိုချစ်သလို မင်းထင်တာထက်လဲ ပိုပြီးသဝန်တိုတတ်တယ် သိရဲ့လားအိမ်စုတ်လေး"
YOU ARE READING
8️⃣ ချစ်၍ချစ်သော [ Lovely gentleman ]
Romanceလူတိုင်း လူတိုင်းမှာ အချစ်ဦးဆိုတာ သေချာပေါက် ရှိခဲ့ဖူးကြမှာပါ။ အဲ့ဒီအချစ်ဦးနဲ့ ကွဲသွားကြတဲလူတွေရှိသလို ထာ၀ရလက်တွဲသွားနိုင်တဲ့လူတွေလဲ ရှိပါတယ်။ ဖူးစာဆိုတာက ကံတရားက သတ်မှတ်ပြီးသားလား၊ ကိုယ်ရွေးချယ်လို့ ရသလားဆိုတာ .... သည်ဇာတ်လမ်းလေးထဲမှာ နှင်းအိမ်မ...