Unicode font
ချစ်၍ ချစ်သော [ Lovely Gentleman ]
အပိုင်း (၂၄)/ ဇာတ်သိမ်းပိုင်းကလေးပေါက်စ နီတာရဲလေးကို ကြည့်ပြီး ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ ခံစားချက်တွေကို ဘယ်လိုဖွင့်ဆိုရမယ်မှန်း မသိတော့။ အသားနုနုလေးကို မတို့ရက် မထိရက်နဲ့။ မျက်လုံးကို မပွင့်တပွင့် ဖွင့်ပြီး သူ့ကို ကြည့်နေတဲ့ မျက်လုံးလေးကို ဒါ ငါ့အဖေလို့ မှတ်နေတာများလား။ သားလေးကို ပထမဆုံးတွေ့ရချိန်မှာ ရင်ထဲမှာ ပီတိလို့ခေါ်မလား ဘယ်လိုပြောရမလဲ မသိတဲ့ ရင်ခုန်သံတွေနဲ့ ပျော်ရွှင်နေမိသည်။
"မြစ်လေးက ခေါင် ငယ်ငယ်ကနဲ့ တပုံစံထဲ... အသားအရည်ကတော့ အမေနဲ့တူမယ်ထင်တယ်"
အဖွား ပွေ့ထားတဲ့ သူ့သားလေးပါးပြင်ကို လက်ညှိုးနဲ့ဖွဖွထိကာ ကျီစယ်လိုက်ရင်း
"အဖွား သားကို သူ့အဖေမှန်းသိလို့ ကြည့်နေတာ ထင်တယ်"
"ဟေ... ဟုတ်မှာပေါ့ မြေးရယ် ... "အဖိုးနဲ့အဖွားက သဘောကျကာ ရယ်နေလေသည်။
ခေါင် ကုတင်ပေါ်မှာ မိန်းနေတဲ့ အိမ်မှူးရဲ့နဖူးကို နမ်းရှိုက်လိုက်ပြီး"ကျေးဇူးပဲ ကိုယ့်ရဲ့အိမ်စုတ်လေးရယ်... "
"တော်သေးတယ် ဟိုဗိုက်ဖုံးဂါဝန်လေး ဝတ်လိုက်ရသေးလို့ သားကလေ အဖေကို လက်ဆောင်ပေးတဲ့နေ့မှာ တခါထဲ ထွက်လာခဲ့ရော.. သူ့အဖေလိုပဲ တဇွတ်ထိုး ကောင်လေးလား မသိပါဘူး ဦးခေါင်ရယ်..."
"ဘာ!!!"ပင်ပန်းနေတဲ့ကြားက စနောက်နိုင်သေးသည်။ နောက်ထပ်တစ်ကြိမ် သူမနဖူးလေးကို ချစ်မြတ်နိုးစွာ ထပ်နမ်းလိုက်မိပြန်သည်။ ဘယ်လောက်တောင် ဇောချွေးတွေထွက်ပြီး ပင်ပန်းခဲ့ရလဲ မသိ။ မျက်နှာပေါ်က မိတ်ကပ်တွေက ဟိုတစ်ကွက် ဒီတစ်ကွက် ပျက်ယွင်းလျက်။ ဒါပေမယ့် ဒီပုံစံလေးဟာ သူ့ရင်ခုန်သံကို နွေးထွေးစေပါသည်။ သူ့အတွက် သားကို အသက်နဲ့ရင်းပြီး မွေးဖွားပေးခဲ့ရတာမလား။
အိမ်မှူးဟာ ဒီမိသားစုရဲ့ ချွေးမဖြစ်ရတာ အတော်ကံကောင်းတယ်လို့ ပြောရမည်။ ဘာမှ လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးတဲ့ အဖိုးအဖွား ယောက္ခမတွေကိုလဲ ကျေးဇူးအထပ်ထပ်တင်မိပါသည်။ နှစ်ဖက်လုံးရဲ့ မြေးဦးမို့ သားလေးက အိမ်မှူးထက်ပိုပြီး ကံကောင်းတဲ့ ကလေးပါ။ ကြီးလေ သူတို့မြေးနဲ့တူလေမို့ ဖိုးဖိုးကြီး ဖွားဖွားကြီးသာမက ဦးခေါင်ရဲ့အဖေပါ အသဲစွဲ အိမ့်ဆည်းလည်း အသဲအမြစ်တုံးလေးပါ။ သူမရဲ့မိဘတွေကလဲ မြေးကို ချစ်လို့မဆုံး။ အားတဲ့အချိန်တိုင်း အိမ်ကို လာလည်ကာ မြေးလေးကို ထိန်းကူကြသည်။
![](https://img.wattpad.com/cover/286174048-288-k445940.jpg)
YOU ARE READING
8️⃣ ချစ်၍ချစ်သော [ Lovely gentleman ]
Romanceလူတိုင်း လူတိုင်းမှာ အချစ်ဦးဆိုတာ သေချာပေါက် ရှိခဲ့ဖူးကြမှာပါ။ အဲ့ဒီအချစ်ဦးနဲ့ ကွဲသွားကြတဲလူတွေရှိသလို ထာ၀ရလက်တွဲသွားနိုင်တဲ့လူတွေလဲ ရှိပါတယ်။ ဖူးစာဆိုတာက ကံတရားက သတ်မှတ်ပြီးသားလား၊ ကိုယ်ရွေးချယ်လို့ ရသလားဆိုတာ .... သည်ဇာတ်လမ်းလေးထဲမှာ နှင်းအိမ်မ...