Unicode font
ချစ်၍ ချစ်သော [ Lovely Gentleman ]
အပိုင်း (၆)"တော်တော့ ငိုမနေနဲ့တော့အိမ်မှူး နင့်ကို လာခေါ်နေပြီ"
"ဘယ်သူလာခေါ်တာလဲ"
"ငါ့ရဲ့မတ်ကလေး ခေါင်ထွဋ်ဦးလေ"
"ဟမ်... "အိမ်မှူး အခုမှ ရင်တုန်သွားရရင်း မမသွန်းကို အားကိုးတကြီး ပြောလိုက်မိသည်။
"မမသွန်း အိမ်မှူး သူနဲ့မလိုက်ချင်ဘူးနော်"
"မလိုက်လို့ဘယ်ရမလဲ နင်နဲ့သူက တရားဝင်လက်ထပ်ထားပြီးပြီလေ"
"မင်္ဂလာလဲ မဆောင်ရသေးပဲ ခေါ်သွားလို့မရသေးဘူးလို့ မမသွန်း သွားပြောပေး"
"နင်မလိုက်ချင်သေးရင် ကိုယ့်ဘာသာဆင်းပြောလိုက်လေ သူက စကားပြောလို့ အဆင်ပြေပါတယ်"အိမ်လေးအတွက်တော့ နည်းနည်းမှကို မပြေတာပါ။ လူကြီးတွေနဲ့တော့ ဘယ်လိုပြောသလဲမသိ။ အဲ့ဒီမမသွန်းဟာ ဒါလေးသွားပြောပေးဖို့ကတ်သပ်နေပြန်သေးသည်။ ကိုယ့်ဘာသာပဲ ဆင်းပြောလိုက်ပါတော့မည်။ အိမ်မှူး အိမ်နေရင်းဝတ်စုံကို မလဲပဲ ထွက်ဖို့ပြင်နေလို့
"အိမ်မှူး အကျီင်္လဲဦးလေ အဲ့ဒီအတိုု်င်းသွားလို့ ဘယ်ဖြစ်မလဲ"
"လဲဘူး သူနဲ့မလိုက်နိုင်ဘူးလို့ပဲ သွားပြောပြီးပြန်တက်လာမှာ"အိမ်မှူး စူပုတ်ကာ မျက်နှာဆိုးနဲ့ ဧည့်ခန်းမှာ ထိုင်စောင့်နေသူဆီ ဆင်းလာခဲ့လိုက်သည်။ ဘာလို့လာခေါ်နေလဲ မသိဘူး။ ဒီလောက် ပင်ပန်းထားတာကို။
အရေးထဲ ကိုယ်တော်က သူ့အိမ်သူ့ယာလို ဆိုဖာလက်ရန်းပေါ်လက်တင်ပြီး ခြေထောက်ကိုချိတ်ထိုင်ကာ အေးအေးဆေးဆေး ဖုန်းပြောနေလို့ ထိုင်စောင့်နေရသေးသည်။ လူကသာ မလှတယ်။ စတိုင်လ်မလိုင်ကအပြည့်နဲ့။ ဖုန်းပြောပြီးသွားတဲ့ အချိန်မှသာ လူကို အဖက်လုပ်တော့သည်။ခေါင် မျက်လုံးတွေမို့နီရဲဖောင်းနေအောင် ငိုထားတဲ့ မျက်နှာကိုကြည့်ရင်း
"မင်းက ဒီပုံစံနဲ့လိုက်မှာလား ဒါဆိုလဲသွားစို့"
"ဟင် မလိုက်ပါဘူး မလိုက်နိုင်ဘူးဆိုတဲ့အကြောင်း လာပြောတာ"
"ကောင်းပြီလေ မင်းငါ့ကို ပြောစရာတွေရှိနေမယ်ထင်လို့ စကားပြောဖို့ လာခေါ်တာ မလိုက်နိုင်ဘူးဆိုလဲ သဘောပဲ"
YOU ARE READING
8️⃣ ချစ်၍ချစ်သော [ Lovely gentleman ]
Romanceလူတိုင်း လူတိုင်းမှာ အချစ်ဦးဆိုတာ သေချာပေါက် ရှိခဲ့ဖူးကြမှာပါ။ အဲ့ဒီအချစ်ဦးနဲ့ ကွဲသွားကြတဲလူတွေရှိသလို ထာ၀ရလက်တွဲသွားနိုင်တဲ့လူတွေလဲ ရှိပါတယ်။ ဖူးစာဆိုတာက ကံတရားက သတ်မှတ်ပြီးသားလား၊ ကိုယ်ရွေးချယ်လို့ ရသလားဆိုတာ .... သည်ဇာတ်လမ်းလေးထဲမှာ နှင်းအိမ်မ...