Unicode font
ချစ်၍ ချစ်သော [ Lovely gentleman ]
အပိုင်း (၁၀)"အိမ်ထဲမှာ ဘယ်သူတွေ ရှိလဲ"
"အိမ်အကူတွေပဲ ရှိတာ ဦးခေါင်ထွဋ်က ရုံးသွားလိုက်ပြီ"
"ဒါဆို ခြံထဲမှာပဲ ပြောတာပေါ့"မမသွန်းက ဦးဆောင်ကာ ခြံထဲက ပန်းပင်တွေကြား ဆင်းသွားလို့ အိမ်မှူး နောက်ကလိုက်ခဲ့လိုက်သည်။
"ထိပ်ထားဦးက ဘာတွေ ပြောသွားတာလဲ"
အိမ်မှူး ထိပ်ထားဦး ပြောသွားသမျှတွေကို ပြန်ပြောပြပြီးချိန်မှာတော့ ဝမ်းနည်းလာမိသည်။ မမသွန်းကတော့ ခပ်အေးအေးပုံမျိုးနဲ့ လက်ပိုက်ပြီးသာ နားထောင်နေလေသည်။
"အဲ့ဒါ အမှန်တွေလားဟင် အိမ်က စီးပွားကျတဲ့အကြောင်း အိမ်မှူးက ဘာလို့ ဘာတစ်ခုမှ မသိရတာလဲ"
"သူပြောသွားတာ အမှန်ကနည်းနည်း အမှားက ခပ်များများပဲ နင် နောက်ဆုံးနှစ်လောက်ကတည်းက အဖေ့ company က အခြေအနေ သိပ်မကောင်းတာတော့ အမှန်ပဲ trading company ပါဆိုမှ သွင်းလာတဲ့ ပစ္စည်းတွေက quality မကောင်းတော့ customer နဲ့လဲ ပြသနာတက် supplier နဲ့လဲ ပြသနာတက်တာ ငါ လက်ထပ်ခါနီး အချိန်ထိပဲ အဓိကက supplier သူကပြသနာ ရှာတော့ customer တွေနဲ့ပါ မိတ်ပျက်ရော ငါ ကိုတက်တိုးကို လက်ထပ်လိုက်တာ အိမ်က အခြေအနေမကောင်းလို့ မဟုတ်ဘူး နင်သိပါတယ် အရင်ကတည်းက ငါ့သဘောနဲ့ငါ ရွေးချယ်ပြီး ဖေဖေတို့နဲ့ မိတ်ဆက်ပေးခဲ့တာကို ဒါပေမယ့် ကိုတက်တိုးက နည်းနည်းပါးပါးတော့ ကူညီပေးခဲ့တာပေါ့လေ အခုလဲ နင့်ကို ခေါင်ထွဋ်ဦးနဲ့ ပေးစားတာက အဖေတို့အဆင်မပြေလို့ မဟုတ်ဘူး နင်နဲ့သင့်တော်မယ်ထင်လို့ ပေးစားခဲ့တာ ငါတို့ ခေါင်ထွဋ်ဦးဆီက ယူခဲ့တာဆိုလို့ ငါတို့ဆီက ပစ္စည်းဝယ်မယ့်သူတွေ ရှာပေးတဲ့ အကူအညီပဲ ရှိတယ် တခြားဘာမှ မယူခဲ့ဖူးဘူး တကယ်လို့ ယူခဲ့တယ်ဆိုရင်တောင် သမက်က ယောက္ခမ လိုအပ်လို့ ကူညီပေးတာ ဘာထူးဆန်းလဲ နင်နဲ့ခေါင်ထွဋ်ဦးက တရားဝင်လက်ထပ်ထားတာလေ ဒါ ချူစားတာမှ မဟုတ်တာ ထိပ်ထားဦး ပြောသွားတာ ငါတို့အိမ်က စီးပွားအဆင်မပြေခဲ့တာက တစ်ခုလွဲလို့ ကျန်တာတွေက အမှားတွေပဲ အခုတော့ အားလုံး အဆင်ပြေနေပါပြီ"
YOU ARE READING
8️⃣ ချစ်၍ချစ်သော [ Lovely gentleman ]
Romanceလူတိုင်း လူတိုင်းမှာ အချစ်ဦးဆိုတာ သေချာပေါက် ရှိခဲ့ဖူးကြမှာပါ။ အဲ့ဒီအချစ်ဦးနဲ့ ကွဲသွားကြတဲလူတွေရှိသလို ထာ၀ရလက်တွဲသွားနိုင်တဲ့လူတွေလဲ ရှိပါတယ်။ ဖူးစာဆိုတာက ကံတရားက သတ်မှတ်ပြီးသားလား၊ ကိုယ်ရွေးချယ်လို့ ရသလားဆိုတာ .... သည်ဇာတ်လမ်းလေးထဲမှာ နှင်းအိမ်မ...