အပိုင်း ( ၈ )

7.9K 259 0
                                    

Unicode font

ချစ်၍ ချစ်သော [ Lovely Gentleman ]
အပိုင်း (၈)

"ဦးခေါင်ထွဋ်ဦး ထတော့ ဟေ့လူကြီး သူများကိုကျတော့ ပြောဆိုထားပြီး သူကျတော့ ကိုးနာရီထိုးခါနီးနေပြီ မထသေးဘူး ထတော့လို့"

ခေါင် အိပ်ချင်သေးပေမယ့် ပွစိပွစိနဲ့ သူ့ပုခုံးကို လှုပ်နိုးနေတဲ့ အိမ်မှူးကြောင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။

"ထတော့ အိမ်မှူးတောင် ရေချိုးပြီးပြီ"
"ညတုန်းက ကောင်းကောင်း အိပ်လို့မရဘူး မင်းကြောင့်..."
"ဟင် ဘာဆိုင်လို့လဲ ကိုယ့်ဘာသာကြောက်ပြီး အိပ်မပျော်တာမလား"

ခေါင် အိမ်မှူးစကားကြောင့် ပြုံးစိစိဖြစ်သွားရရင်း

"ကြောက်တာက မင်းမဟုတ်ဘူးလား တညလုံး ငါ့နားမှာ ကပ်အိပ်နေပြီး အိပ်တာလဲ ကြမ်းသလား မမေးနဲ့ ဟောက်လဲ ဟောက်သေးတယ် ပါးစပ်ကလဲ ပလပ် ပလပ်နဲ့ ဘာတွေစားနေလဲမသိဘူး ပြီးတော့ သွားလဲ ကြိတ်တယ် ကန်လဲကန်တယ်"
"မဟုတ်ပဲနဲ့ ရှင် လှျှောက်ပြောမနေနဲ့နော်"

သူ့စကားကြောင့် အိမ်မှူး ရှက်သွားမိကာ ရန်ရှာလိုက်သည်။ အိပ်ပျော်သွားပါပြီဆို ဘယ်သိတော့မလဲ။ ဒါပေမယ့် သူ ပြောသလောက်ကြီးတော့ မဆိုးလောက်ဘူး ထင်ပါသည်။

"မယုံဘူးလား ဒီညကျရင် video ရိုက်ထားပေးမယ်"
"ရိုက်စရာလား ရှင်နော်"
"အီးလဲ ပေါက်သေးတယ် နံစော်နေတာပဲ စောင်တစ်ထည်ထဲ ခြုံထားပါတယ်ဆို"
"အိုး ဘယ်သူ့အီးက မွေးနေလို့လဲ အီးပေါက်ပါတယ်ဆို နံရင်လဲ ရှုလိုက်ပေါ့ မအိပ်ခင်ကတည်းက စောင်တစ်ထည် တောင်းပေးဖို့ ပြောသားပဲ ရှင့်ဘာသာ မတောင်းပေးတာလေ ကောင်းတယ် ရှု ရှု ထတော့လို့ သူများသားသမီးကိုကျ နေဖင်ထိုးအောင် အိပ်တယ်လေး ဘာလေးပြောပြီး သူကျတော့ ခုချိန်ထိ မထဘူး ဗိုက်ဆာပြီ ဟိုမှာ မနက်စာလဲ လာပို့သွားပြီ ထ"

အိမ်မှူး အမြင်ကတ်တက်နဲ့ ပြန်ပြောပစ်လိုက်သည်။သူ ပြောတာနဲ့ လူလဲ ရစရာကို မရှိတော့။ သူ့ကို ပြန်ပြောလို့ရအောင် ဒီညကျမှ သူ အိပ်ပျော်နေချိန် ထ ကြည့်ရမည်။
တကယ်တော့ ခေါင် အိမ်မှူး မသိအောင် မနက်လေးနာရီလောက် ထကာ မိန်းတင်ပြီး ပြန်အိပ်တာပါ။ ဒါပေမယ့် ချက်ချင်း ပြန်အိပ်မပျော်ပဲ မိုးလင်းခါနီးမှ အိပ်ပျော်သွားခဲ့လို့ ခုထိ အိပ်ချင်နေသေးသည်။

8️⃣ ချစ်၍ချစ်သော [ Lovely gentleman ]Where stories live. Discover now