Ep 1

1.8K 48 2
                                    

မိုးကောင်းကင်မှ ရေလုံးလေးများ မြေပြင်ပေါ်သို့ စတင်ခုန်ဆင်းကာ မိုးစတင်ရွာနေပြီဖြစ်သည်။လမ်းပေါ်တွင်လည်း ကားများ၊ ဆိုင်ကယ်များ စသဖြင့် ဟိုဟိုဒီဒီ သွားလာနေကြသည်။
ကားလမ်းဘေးတွင် ကျ‌နေသည့် မိုးပေါက်များကြား
ထီးမပါဘဲ လမ်းလျောက်‌နေသော ကောင်မလေး တစ်ယောက်။

"ကျစ်.. မိုးကလည်း ဘာလို့ရွာ လာတာလည်း
ထီးမပါ ပါဘူးဆို"

သူငယ်ချင်းက  ဟိုဘက်လမ်းသွားစရာရှိသေးသည်မို့
တလမ်းဆီလည်း ဖြစ်နေတော့
အိမ်လည်း သိပ်မဝေးတော့တာ‌မို့  ကားပေါ်ကဆင်းကာ
ခြေချင်လျောက်လာလိုက်ခြင်းဖြစ်သည်။

နွေဦးမေ ကားလမ်းဘေးကိုငေးကြည့်နေရင်း ထီးမပါ ပဲ လမ်းလျောက်လာသော ကောင်မလေးကို လှမ်းမြင်နေရသည်။ လှမ်းမြင်ဆို ကော်ဖီဆိုင်က မှန်နဲ့ကာထားသည်‌လေ ။ကောင်မလေးက‌တစ်ယောက်ထဲဖြစ်နေတာကြောင့် နွေဦးမေ တစ်ယောက် ဘေးမှာရှိသည့် ထီးယူကာ ဆိုင်အပြင်သို့ အလျင်အမြန်ထွက်မိသည်။ဆိုင်ထဲမှာ ကျန်နေခဲ့သည့် သူငယ်ချင်း နှစ်ယောက်ကတော့ သူ့ကိုလှမ်းခေါ်ရင်းသာ ကျန်ခဲ့သည်။
......

"ဟေ့ ဟေ့ ‌ဟေ့ ကလေးမ"

နောက်ကခေါ်သံကြားသည် မိန်းကလေး အသံဖြစ်သည်မို့
လှည့်ကြည့်လိုက်သည်။အကြည့်တို့သည် သူ့မျက်နှာမှ မခွာနိုင်တော့ ငေးကြည့်ရင်း ငေးကြည့်နေမိသည်။သိပ်လှပါသည်
ရှပ်အဖြူရောင်နှင့်ဂျင်းဘောင်းဘီ ဝတ်ထားသည်က ရိုးရိုးလေးဆိုပင်မယ့် သိပ်ကိုဆွဲဆောင်မှုရှိသည် ။ ဆံပင်ကလည်း အနည်းငယ်ရှည်ပြီး ရှေ့၌ ဆံမြိတ်လေး ချထားသေးသည်။အဲ့အ‌တွေးနှင့်တပြိုင်နက် ဘယ်ဘက်ရင်အုံက အကောင်ပေါက်လေးလည်း ပုံမှန်ထက်ပို၍လှုပ်ခြားလာသည်ကို သံသာ နည်းနည်း သတိထားမိသည်။

**ဘာလည်း ငါရင်ခုန်နေတာလား ရင်တုန်နေတာလား
ဘယ်လိုမျိုးကြီးဖြစ်‌ေနတာလည်းမသိဘူး**

ဘယ်လောက်ကြာသည်အထိ ငေးကြည့်မိလည်း မသိ တစ်ဖက်လူ ပုခုံးကိုင်ကာ အနည်းငယ် လှုပ်မှ အသိဝင်လာသည်။

"ညီမ... ညီမ... ဘာတွေ စဉ်းစားနေတာလည်း"

"အဲ ဟို..ဟို ဘာမှ မစဉ်းစားပါဘူး ဘာမပြောမလို့ ညီမကိုခေါ်လိုက်တာလည်းရှင့်"
အစ်မနဲ့ တစ်ခါမှ မတွေ့ဖူးပါဘူး ညီမကိုသိလို့လား အမက"

Love at first sight ⚡❣️Where stories live. Discover now