"ဟဲ့ လဲ့လဲ့ ဘာဖြစ်လို့လည်း"
"ဒီမယ်လေ နွေဦး လာချပေးမှ သောက်မယ်ပြောနေတယ်
ပြီးတော့ သူလာမပေးရင် မပြန်ဘူးတဲ့""ကဲကဲ ငါသွားပြောပေးမယ် ခနစောင့် ပေးကော်ဖီခွက်ပြန်ယူသွားပေးမယ်"
>>
"နွေဦးရေ့ နင်လာပေးမှ သူသောက်မယ်တဲ့""ဘာ တော်တော်အရစ်တက်တဲ့ မိန်းမပဲ"
"ဟုတ်တယ်အေ နင်လာမပေးရင်မပြန်ဘူးတဲ့"
"ဟာ စောက်ချီးလိုပဲ ပေးပေး ငါပဲသွားပေးလိုက်မယ်
မဟုတ်ရင် သိတဲ့အတိုင်းပဲ"
"ဒီမယ် သုံးခွက်ရပြီ သွားပေးလိုက်အုန်း မှာထားတဲ့သူတွေကို""အေးအေး "
နွေဦးလည်း ကော်ဖီခွက်ယူကာ ခင်နှင်းသွယ်ရှိရာသို့ လာလိုက်သည်။စိတ်ထဲမယ်တော့ သိပ်မကြည်ပါ။ပါတ်ဝန်းကျင်လည်း မကြည့်မိ သံသာတို့ ရောက်နေမှန်းလည်း သူမသိသေးပါ။
"ဒီမယ်ရော့"
"အာာ ဘယ်လိုပေးနေတာလည်း"
"ရပြီလေ သောက်တော့ သောက်ပြီရင် လစ်တော့"
"သိပါတယ် သောက်ပြီးရင် သွားမှာပါ"
"ဒါပင်မယ့် နင်ဒီနားမယ် ခနထိုင်နေပေး""ဘာ! ငါမအားမနေဘူး သွားတော့မယ်"
ပြောပြီး လှည့်ထွက်မယ် အလုပ်မှာ သူက နွေဦးလက်ကိုဆွဲကာ မတ်တပ်ရပ်လာတယ်။သံသာတို့ကလည်း သူတို့ဆီကို အကြည့်တွေရောက်လာတယ်။"စိတ်လျော့ပါအုန်း ငါ့မြင်ရင် 'နွေ'က ဒေါသပဲထွက်နေတော့တာပဲ"
"တော်ပါဟာ တော်ပါ နင်ကော်ဖီ ကို ထိုင်သောက်ပြီး ပြန်လိုက်ပါတော့ "
"အင်းပါ ထားပါတော့ ငါ ပြန်လိုက်ပါတော့မယ်"
"အဲ့တာ နင်စိတ်ချမ်းသာအောင်ပါ""ငါစိတ်ချမ်းသာအောင် ဟုတ်လား
အေး ငါစိတ်ချမ်းသာအောင်ဆိုရင်တော့ ငါအမြဲစိတ်ချမ်းသာအောင် နင်ထပ်ပြီး ငါရှေ့ပေါ်မလာရင်ရပြီ"ခင်နှင်သွယ်လည်း သူ့လက်ကိုလွှတ်ကာ ခုံမှာထိုင်ပြီး
ကော်ဖီသောက်ကာ ပြန်သွားသည်။
>>"အမ နန်းမေ ဟိုအမက ပြဿနာရှာနေတာနော်
ဘာ်လိုပတ်သက်လို့လည်း သူငယ်ချင်းတွေလား မိတ်ဆွေတွေလား"
YOU ARE READING
Love at first sight ⚡❣️
Romans~~မြင်မြင်ချင်းအချစ်ဆိုတာ တကယ်ရှိတယ်၊ စချစ်တက်သွားဖို့ စက္ကန့်အပိုင်းအခြားလေးနဲ့တင် လုံလောက်ပါတယ်~~ Take care of your health💫🙆❣️ ~~မြင်မြင်ချင်းအချစ်ဆိုတာ တကယ်ရှိတယ်၊ စချစ်တက်သွားဖို့ စက္ကန့်အပိုင်းအခြားလေးနဲ့တင် လုံလောက်ပါတယ်~~ Take care of your...