Ep9

201 19 0
                                    


နောက်နေ့ မနက်၌ သံသာမိုးနဲ့ နွေဦးမေတို့ နှစ်ယောက်တစ်စီးစက်ဘီးစီးကြသည်။နွေဦးကတော့ အနောက်ကလိုက်သည်။ ရာသီဥတုက မိုးအုံတုံ့တုံ့မို့ စက်ဘီးစီးရတာ အဆင်ပြေပါသည်။

သူတို့ လမ်းတန်းတန်းစက်ဘီးစီးနေစဉ် ဘေးလမ်းကြားမှ ကားတစ်စီးရုတ်တရက် မောင်းထွက်လာပြီး မတိုက်မိပင်မယ့်
တိုက်မိမလိုဖြစ်ကာ သံသာက ရှေ့ကမို့ လန့်ကာ စက်ဘီးလဲသွားသည်။

"ကားကဘယ်လိုမောင်းလာတာလည်း အကွေ့ကိုဟွန်းတီးရမယ်ဆိုနာမသိတာလား ချီးပဲ"
" 'မိုး' ရရဲ့လား ထိခိုက်မိသေးလား"

"ရတယ် အမ သံသာ ဘာမှ မဖြစ်ဘူး နည်းနည်းလန့်သွားရုံပါ"

သံသာ့ကိုထူနေချိန် ကားပေါ်မှ ဆင်းလာသူကို နွေဦးမေ
ကြည့်လိုက်သည်။ ထို့နောက် ထိုသူ့အနားကိုသွားကာ...

"ဒီမယ် 'ခင်နှင်းသွယ်' နင်တမင်သက်သက်လုပ်တာမို့လား"

"မဟုတ်ရပါဘူး 'နွေ' ရဲ့"

"ငါ့ကို 'နွေ'လို့ မခေါ်နဲ့လို့ပြောထားတယ်လေ!"

"ဘာလို့လည်း ဟိုးအရင်ကလည်း အက်လိုခေါ်ခဲ့တာပဲလေ"

"မဆိုင်ဘူး ခုက မဆိုင်တော့ဘူး‌မို့ မခေါ်နဲ့!"
"နင်သွားလိုက်တော့ ခင်နှင်းသွယ်!"

သံသာကတော့ နွေဦး စိတ်တိုတာကို ခုကပထမဦးဆုံး မြင်ဖူးခြင်းပင်။သူတို့နှစ်ယောက် တစ်ခုခုတော့ ပတ်သက်လိမ့်မည်ဟု
သံသာထင်ပါသည်။အမက သံသာဘက်လှည့်လာပြီး ပြန်မယ်ဟု ပြောလာသည်။

" 'မိုး' ပြန်မယ်လာ"

"နေပါအုန်း 'နွေ'ရဲ့ သူနဲ့မိတ်ဆက်ပေးအုန်းလေ"

"ဘာ! မိတ်ဆက်ပေးရမယ် ဟုတ်လား! ရီချင်လိုက်တာဟာ"
ဘာကိစ္စမိတ်ဆက်ပေးရမှာလည်း လဲသေလိုက် အက်နားလေးတင်!"

"လာ 'မိုး' သွားမယ်"

နွေဦးလည်း သံသာ့လက်ကိုဆွဲ စက်ဘီးကို တွန်းကာပြန်လာလိုက်သည်။အဲ့နားလေး ဆက်နေနေရင် လူသတ်မိလိမ့်မယ်လေ။

....

"အမ အဆင်ပြေရဲ့လား အမကြည့်ရတာ စိတ်တအားတိုနေပုံပဲ
စိတ်လျော့လိုက်ပါနော် မတော်တဆ ဖြစ်တာပဲမို့လား"

Love at first sight ⚡❣️Where stories live. Discover now