အချိန်တွေကုန်လွန်လာပြီ ရက်တွေလည်းတစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွားပြီဖြစ်သည်။နန်းမေနဲ့ရွှန်းလဲ့လည်း အဆင်ပြေပြေရှိနေပြီဖြစ်သည်။သံသာနဲ့ နွေဦးကတော့ ပိုပြီးအနေနီးလာကြပေမယ့် ဖွင့်မပြောဖြစ်ကြသေး။
"ဟဲ့ နွေဦး နင်ဘယ်တော့ ဖွင့်ပြောမှာလည်း
အချိန်တွေလည်း ကြာနေပြီမဟုတ်လား""အင်း ငါသိပါတယ် ရွှန်းလဲ့"
ငါ မနက်ဖြန်ပဲဖွင့်ပြောမယ်စဉ်းစားထားတယ်""အေးအေး"
"ငါ့သူငယ်ချင်းကြီး အဆင်ပြေပါစေကွယ်"
...သံသာ>
"မေမေ ဒီနေ့ ဆိုင်မသွားဘူးလား?""အေးကွယ် သမီးရယ် ဒီနေ့ပိတ်ထားတယ်"
"မေမေ သမီးနဲ့တူတူ အပြင်သွားမလား"
"ဘယ်သွား ချင်လို့လည်း သမီးက"
"ဘယ်ရယ်မဟုတ်ပါဘူး မေမေ ဒီတိုင်းသွားတာပေါ့
စိတ်ပြေလက်ပြေ "
အမ်.. ဒါမှမဟုတ် အမနွေဦးတို့ ဆိုင်သွားမလား မေမေ""အင်း ကောင်းသားပဲ မေမေလည်း မရောက်ဖြစ်သေးဘူး မဟုတ်လား"
"ဟုတ် ဒါဆို သွားကြတာပေါ့"
....
"ကလင် ကလင် 🔔"လဲလဲတို့လည်း တံခါးမှခေါင်းလောင်းသံ ကြားသည်မို့
ကြည့်လိုက်တော့ သံသာနှင့် သူ့မေမေ ဖြစ်နေသည်မို့
နှုတ်ဆက်လိုက်သည်။လဲ့လဲ့>"အော် အန်တီနဲ့ သံသာပါလား
ဒီဘက် ကြွပါရှင့်"ရွှန်းလဲ့>အန်တီ မလာဖူးသေးဘူးနော် ဆိုင်ကို
ခု မှပဲ လာတော့တယ်">"ဟုတ်တယ် သမီးတို့ရယ် ခုမှပဲလာဖြစ်တော့တယ်"
>"ဘာမှာမလည်း အန်တီနဲ့ သံသာ"
>"သံသာကတော့ သောက်နေကျ အတိုင်းပဲ
မေမေကရော">"အတူတူပဲ မှာလိုက်ပါကွယ်"
>အဲ့ဆို ခနစောင့်ပေးနော် အန်တီ"
သံသာမေမေလည်း ပြုံးပြပြီး ခေါင်းညိမ့်ပြလိုက်သည်။
ခနအကြာ၌ နွေဦးက ကော်ဖီ ကို လာချပေးသည်။
ပြီးနောက် ဆိုင်ကလူရှင်းနေသည်မို့ စကားအနည်းငယ် ထိုင်ပြောကြသည်။အတော်အတန်ကြာ စကားပြောကြပြီးနောက် သံသာတို့လည်း နှုတ်ဆက်ကာ အိမ်ပြန်ခဲ့ကြသည်။
YOU ARE READING
Love at first sight ⚡❣️
Romance~~မြင်မြင်ချင်းအချစ်ဆိုတာ တကယ်ရှိတယ်၊ စချစ်တက်သွားဖို့ စက္ကန့်အပိုင်းအခြားလေးနဲ့တင် လုံလောက်ပါတယ်~~ Take care of your health💫🙆❣️ ~~မြင်မြင်ချင်းအချစ်ဆိုတာ တကယ်ရှိတယ်၊ စချစ်တက်သွားဖို့ စက္ကန့်အပိုင်းအခြားလေးနဲ့တင် လုံလောက်ပါတယ်~~ Take care of your...