Ep3

369 28 0
                                    

မိုးကုန်လို့ ဆောင်းတောင်ကူးတော့မယ် ‌ထိုကောင်မလေးနဲ့တော့
နောက်တစ်ခါ ထပ်မတွေဖြစ်သေးပါ။နွေဦးတစ်ယောက်
အပြင်သွားတိုင်း ထိုကောင်မလေးကို တွေ့လိုတွေ့ငြား ဝေ့ဝဲ ရှာကြည့်နေမိသည်။သို့သော် မတွေ့ဖြစ်။

နွေဦး အခုချိန်ထိ အိပ်ယာထဲတွင် ကွေးလို့ကောင်းတုန်း နာရီလက်တံက ၈နာရီ ကိုညွှန်ပြနေသည်။
မေမေ့ရဲ့ တံခါးခေါက်ပြီ အော်နှိုးနေသော အသံကြောင့်
နွေဦး စိတ်ရှုပ်မိသည်။

"ထပြီ မေမေ ထပြီလို့"

"တစ်ခါတလေ လေးလည်း အစောထပါအုန်း
မိန်းကလေး ဖြစ်ပြီး နေဖင်ထိုးတဲ့ အိပ်မနေနဲ့
နောက်နေ့ကစပြီ ၇နာရီ ဒေါင်ဆိုတာ ထရမယ်မှတ်
အက်တာ သက်သာသေးတယ်နော် ၊၇နာရီဒေါင်လို့ မနိုးဘူး ဆိုရင်တော့ မေမေ့ အဆိုးမဆိုနဲ့ ၊အခုတော့ရှိစေတော့ မျက်နှာမြန်မြန် သစ်ပြီး အောက်ဆင်းခဲ့ မိနွေ"

"ဟုတ်ကဲ့ ဟုတ်ကဲ့ပါဆို"

နွေဦး တစ်ယောက် နွေဦး တစ်ယောက် မျက်နှာတို့ မှုန်ကုတ်ကာ
ထရတော့သည်။မျက်နှာသစ်ပြီး အောက်သို့ဆင်းကာ ထမင်းစားရန် စောင့်နေသော မေမေတို့ဆီလာလိုက်သည်။

ဒီနေ့တော့ထမင်းဟင်းမဟုတ်ဘူးဘဲ၊နွေဦး သိပ်ကြိုက်တဲ့
မုန့်ဟင်းခါးလေး ဖြစ်သည်။သေချာတာကတော့ ဝယ်ထားချင်းမဟုတ်ဘဲ မေမေကိုယ်တိုင် ချက်ထားခြင်းဖြစ်မည်။မေမေချက်တဲ့ မုန့်ဟင်းခါးက သိပ်ကိုစားကောင်းတာ။နွေဦးအသဲစွဲပဲ။
မုန့်ဟင်းခါဟင်းရည်ကို ငှက်ပျောအူ၊ကြက်သွန်ဥ၊ငါးတို့ဖြင့် သေချာချက်ထားသည်။ပဲကပ်ကြော်နှင့်ကြက်ဥလည်း လုပ်ထားသေးသည်။
သံရာသီး၊ငရုတ်သီးမှုန့်၊နံနန်ပင်၊ကြက်သွန်၊ငံပြာရည်..စသဖြင့်
ပြင်ဆင်ထားသည်။အချဉ်အစပ်ကြိုက်တဲ့ နွေကတော့
ငရုတ်သီးမှုန့်ထည့်သံပရာရည်ညှစ်၊ငံပြာရည် အနည်းငယ်၊
ပဲကပ်ကြော်အနည်းငယ် ကြက်ဥစိတ်ထားတာအနည်း ထည့်၍မွှေကာ တစ်ဇွန်းပြီး တစ်ဇွန်း စားနေတော့သည်။
ဟုတ်တယ် နွေဦးက နံနန်ပင်တို့ ကြက်သွန်တို့ ထည့်မစားတက်ဘူး မကြိုက်ဘူးပဲ‌ဆိုပါတော့။

"ဟဲ့ မိနွေ ဖြေးဖြေးစားစမ်းပါ သမီးရဲ့
နောက်က ဘယ်သူလိုက်နေလိုက်နေလို့တုန်း"

Love at first sight ⚡❣️Where stories live. Discover now