ဒီနေ့သူငယ်ချင်းတွေအကုန်စုကာ လျောက်လည်ကြသည်။
နွေဦးသူငယ်ချင်းတွေရောသံသာသူငယ်ချင်းတွေရောပေါ့။"ကဲဒါပြီးရင် ဘယ်သွားကြမလည်း"
နွေဦးသူငယ်ချင်းဖြစ်သူ လဲ့လဲ့က မေးသည်။
"ဟယ် သွားတော့မလို့လား ဒီမယ် အဆင်ငမ်းနေတုန်းကို"
နင့်အဆင်နောက်မှာထားဝေယံကျော်ရေ့ ငါတို့ဗိုက်တာလှပြီဟု
ရွှန်းလဲ့ပြောကာ ငကျော်ခေါင်းကို အသာပုတ်လိုက်သည်။"ဟုတ်တယ် ငကျော်ရေ့"
"ကဲပါ အက်ဆိုသွားကြတာပေါ့ ဆိုင်တစ်ဆိုင်ကို ကျွန်မကျွေးပါ့မယ်"
"ဟေးး ဒါမှ နွေဦးကွ"
......
"ဟေးနွေဦးမ ဟိုမယ် အသုတ်ဆိုင်ပဲ အက်ပဲသွားကျမယ်
ဗိုက်ဆာတာမနေနိုင်တော့ဘူး""ဟဲ့ နင်တစ်ယောက်ထဲမဟုတ်ဘူးလေ ကျန်တဲ့သူတွေမေးအုန်း"
"ကဲ ညီမလေးတို့မောင်လေးတို့ရေ့ အမရွှန်းလဲ့ပြောတဲ့နီးနီးနားနားဆိုင်ပဲ စားကြမလား"
"ဟုတ်ကဲ့ အဲ့ဆိုင်မှာပဲ စားကြမယ်လေ"
....
"အန်တီ လက်ဖတ်ထမင်းကြက်ဥနဲ့တစ်ပွဲ"
"မုန့်ဟင်းခါး တစ်ပွဲ"
"ကြာဇံဟင်းခါးတစ်ပွဲ"
"ခေါက်ဆွဲသုပ်တစ်ပွဲ"
"လက်ဖက်ထမင်းကြက်ဥနဲ့တစ်ပွဲ ဟိုကြက်ဥကို မကျတ်တကျတ်လေးလုပ်ပေးနော်"သူငယ်ချင်းတွေ တစ်ယောက်တစ်ပေါက်မှာကြပြီးမှာတော့
နွေဦးလည်းမုန့်ဟင်းခါးသာမှာလိုက်သည်။မုန့်ဟင်းခါးက သူ့အကြိုက်ကို။"ကျွန်မကိုလည်း မုန့်ဟင်းခါး တစ်ပွဲ"
....
မှာထားတာတွေ အကုန်ရပြီမို့ ကိုယ်ဆီစားနေကြသည်။
နွေဦးတစ်ေယာက် သံသာကို ကြည့်လိုက်တော့ ကြက်ဥ အနှစ်လေးကို ဇွန်းေလးနဲ့ဖောက်လိုက်ပြီး ထမင်းနဲ့နယ်ကာ စားနေသည်။နွေဦးကတော့ သူစားနေကျအတိုင်းဖြစ်အောင်
အရသာကိုပြင်ဆင်နေသည်။ချဉ်ငံစပ်လေးပေါ့။
နွေ အစပ်က လိုသေးသည်မို့ ထပ်ထည့်လိုက်သည်။
မုန့်ဟင်းခါး ကတော့ ရဲနေပြီ ဖြစ်သည်။သံသာ့ဘေးက အမကိုကြည့်လိုက်တော့ ငရုတ်သီးရဲဘလောင်းခက်နေသည့် မုန့်ဟင်းခါးကိုစားနေသည်။ကျန်တဲ့သူတွေကိုတော့ မကြည့်ဖြစ်။
YOU ARE READING
Love at first sight ⚡❣️
Romance~~မြင်မြင်ချင်းအချစ်ဆိုတာ တကယ်ရှိတယ်၊ စချစ်တက်သွားဖို့ စက္ကန့်အပိုင်းအခြားလေးနဲ့တင် လုံလောက်ပါတယ်~~ Take care of your health💫🙆❣️ ~~မြင်မြင်ချင်းအချစ်ဆိုတာ တကယ်ရှိတယ်၊ စချစ်တက်သွားဖို့ စက္ကန့်အပိုင်းအခြားလေးနဲ့တင် လုံလောက်ပါတယ်~~ Take care of your...