"Sorry Sorryတောင်းပန်ပါတယ်နော် မမြင်လိုက်လို့ပါ"သူ့ကိုယ်ပေါ်ကနေ အလျှင်အမြန်ထပြီး တောင်းပန်လိုက်သည်။ပြီးနောက် ထိုတစ်ယောက်ကို လက်လှမ်းပြီး ထဖို့ကူညီလိုက်သော်လည်း လက်ကိုမဆွဲဘဲ မျက်နှာလေး ဆူပုပ်ပုပ်နှင့်
ထလာသည်။"အော် မိုး ပဲ"
"လမ်းလျောက်တာ ဘယ်လိုလျောက်နေလည်း မသိဘူး
လူလိုမလျောက်ဘူး မျောက်လို့ ခုန်ဆွခုန်ဆွနဲ့ ကလေးမဟုတ်ကလားမဟုတ်""ဟီး တောင်းပန်ပါတယ် ဘယ်နားနာသွားသေးလည်း
ခြေထောက်ဒဏ်ရာ သက်သာ သွားပြီပေါ့""ရပါတယ် ဘာမှမဖြစ်ဘူး ။
ဒဏ်ရာလား အော် ၅ရက်လောက်ရှိပြီကို သက်သာပြီပေါ့ ဒုက္ခပါပဲ""တစ်ယောက်ထဲ လာတာလား ဒေါ်ဒေါ် ကော မပါဘူးလား"
"ပါတယ် ဟိုနားလေးမှာ အသိတစ်ယောက်နဲ့ စကားပြောနေတာ
ရပ်စောင့်နေရာတာ စိတ်မရှည်တော့လို့ ဝယ်မယ့်ဟာတွေ သွားဝယ်လိုက်အုန်းမယ်ဆိုပြီး ထွက်လာတာ""အော် ဟိုမယ် လာနေပြီ"
"ဒေါ်ဒေါ် ထပ်တွေ့ရတာ ဝမ်းသာပါတယ်"
"အော် သမီးပဲ သူငယ်ချင်းတွေလည်း ပါတာကို"
"ဟုတ်တယ် ဒေါ်ဒေါ် သူက လဲ့လဲ့
သူက နန်းမေတဲ့ သမီး နာမည်ကတော့ နွေဦးမေပါ"LL/NM>"မဂ်လာပါ အန်တီး"
"သုံးယောက်လုံး ချစ်စရာလေးတွေ ကွယ်"
"ဟီးးး"
"ဒါနဲ့ ပြန်တော့မှာလား ဒေါ်ဒေါ် "
"ဟုတ်တယ်ကွဲ့"
"ဟိုတစ်ခါက ဒေါ်ဒေါ်ပြောတယ်လေ အားရင်အိမ်လာလည်လို့ရတယ်ဆိုတာ"
"ဟုတ်တယ်လေကွဲ့ ဘာဖြစ်လို့လည်း"
"ဟီး အဲ့တာ.. ဟို.. ခုလိုက်လည်လို့ရလားလို့ မေးမလို့ပါ"
"အော် ရတာပေါ့ကွယ် ခွင့်တောင်းနေစရာမလိုပါဘူး
ဟုတ်ပြီလား ""အက်ဆို ခုပဲသွားကြတာပေါ့ 😁"
>>>>>
"ဟယ်လို မေမေ သမီး သူငယ်ချင်းအိမ်မှာ နေအုန်းမလို့
နည်းနည်းတော့ ကြာမယ် အက်တာဖုန်းဆက်ပြောတာ "
YOU ARE READING
Love at first sight ⚡❣️
Romance~~မြင်မြင်ချင်းအချစ်ဆိုတာ တကယ်ရှိတယ်၊ စချစ်တက်သွားဖို့ စက္ကန့်အပိုင်းအခြားလေးနဲ့တင် လုံလောက်ပါတယ်~~ Take care of your health💫🙆❣️ ~~မြင်မြင်ချင်းအချစ်ဆိုတာ တကယ်ရှိတယ်၊ စချစ်တက်သွားဖို့ စက္ကန့်အပိုင်းအခြားလေးနဲ့တင် လုံလောက်ပါတယ်~~ Take care of your...