Ep2

496 35 0
                                    

"ဟိုးဟိုး ရောက်ပြီ အမ ဟီးး"

"ဒီအိမ်လား"

"ဟုတ်တယ်အမ"

"ဆင်းတော့မယ်နော် အမ
ပြီးတော့ ကျေးဇူးတင်ပါတယ်"

"အော် အင်း ထီးယူသွားလိုက်နော်
ကားပေါ်ကဆင်းရင် ထပ်စိုနေအုန်းမယ်"

"ဟုတ်ကဲ့ အမ အားနာစရာကြီး"

"ရပါတယ် ယူသွားလိုက် အားနာစရာမလိုပါဘူး
သွားပြီနော် ညီမ"

"ဟုတ်ကဲ့ အမ ကောင်းကောင်း သွားပါ
နောက်တစ်ခါလမ်းမှာဖြစ်ဖြစ် တစ်နေရာရာမှ ဖြစ်ဖြစ် တွေ့ရင်
မုန့်ဝယ်ကျွေးပါ့မယ်😁 ကျေးဇူးတင်တဲ့အနေနဲ့"

"အင်းပါအင်းပါ တို့ သွားတော့မယ်"

သံသာ မောင်းထွက်သွားတဲ့ကားကိုကြည့်ပြီးနောက်
အိမ်ထဲသို့ ဝင်သွားလိုက်သည်။အိမ်ထဲရောက်တော့ မေမေကမိုး‌ရေအနည်းငယ် စိုလာသည့် သံသာ့ကိုကြည့်ကာ

"သမီးလေးပြန်လာပြီလား မိုးရေတွေက ဘယ်နှယ့်ကြောင့်
စိုလာတာတုန်း တော်ကြာ ဖျားမှဖြင့် သမီး‌လေးက တစ်ခုခုဆို ချူချာ လွန်းလို့၊ နည်းနည်းပဲစိုလို့တော်သေး တယ် ခေါင်း‌ကိုသေချာသုတ်၊အဝတ်လဲပြီး အောက်ဆင်းခဲ့နော်သမီး ထမင်းစားရအောင်လို့"

"ဟုတ်ကဲ့ မေမေ"

သံသာ အခန်းထဲရောက်တော့ ကုတင်ပေါ်ထိုင်ရင်း ရေအနည်းငယ်စိုနေသည့်ခေါင်းကိုသုတ်ကာ ‌အမမျက်နှာကိုပြန်မြင်ရောင်ရင်း စဥ်းစားနေမိသည်။

**ဘာလည်း ငါအဲ့အမကို‌မြင်တော့ ဘယ်လိုခံစားချက်ကြီးဖြစ်သွားတာလည်း ၊ ငါက မိန်းကလေး ကြိုက်တဲ့ သူလား မဖြစ်နိုင်တာ အရင်ကလည်း ကောင်လေးတစ်ယောက်နဲ့ တွဲခဲ့ဖူးပါတယ်
ဘယ်လိုလုပ်မိန်းက‌လေးကြိုက်တဲ့သူ ဖြစ်နိုင်မှာလည်း အာာာာာ ထားလိုက်တော့ ရင်ခုန်တိုင်းအချစ်မှ မဟုတ်တာ အမှတ်တမဲ့မို့ ဖြစ်သွားတာ နေမှာပါ ခနတာဆုံတာပဲ မေ့လိုက်တော့မယ်**

ကိုယ့် အတွေးနဲ့ကိုတွေးနေရင်း မေမေအခန်းတခါးလာခေါက်မှ သတိရသည်။

::ဒေါက် ဒေါက် ဒေါက်::

"သမီးသံသာ မပြီးသေးဘူးလား မြန်မြန်လဲလေ"

Love at first sight ⚡❣️Where stories live. Discover now