EP.19

276 15 0
                                    



ဒီလိုနဲ့နေ့ရက်တစ်ချို့ကို  ဖြတ်သန်းလာပြီးရင်း
ဖြတ်သန်းနေရသည်။‌နွေဦးမေသည်လည်းမေ့မြောနေဆဲ။ သံသာမိုးသည်လည်း သူငယ်ချင်းများ၏ပြောစကားလည်း နားမထောင် မိဘ၏ စကားလည်း နားမထောင်ပေ။အစာစားဖို့ ပြောရသည်မှာ
အတော်ပင်လက်ပေါက်ကပ်ပါသည်။‌အနည်းငယ် လျော့မော့ပြီး ကျွေးမှသာစားသည်။လူကလည်း အနည်းငယ် ပိန်‌လာသည်။ကျန်းမာရေးကလည်း
အနည်းငယ် ချုချာသည်လေ။

ခုဆိုလည်း ထမင်းစားဖို့ပြောနေရသည်။

"သမီးရယ် ဒါလေးစားလိုက်ပါအုန်းကွယ်"

"ဟုတ်ပါတယ် သံသာရယ် အားရှိမှ ဆက်စောင့်နေနိုင်မှာပေါ့"အမနွေဦးမေကို ဂရုစိုက်နိုင်မှာပေါ့"
မဟုတ်ရင် နင်ပါလဲသွားရင် ငါတို့ ဘယ်လုပ်ရပါ့မလည်း သံသာရယ်နော် ခေါင်းမမာပါနဲ့နော်"
"ဒါလေးတော့ စားလိုက်ပါနော်"
"ဒါမှ မဟုတ် နင်ဘာစားချင်လည်း ငါတို့ သွားဝယ်ပေးပါ့မယ်"

"ဘာမှ မစားချင်ဘူး၊ဘာမှလည်း မလိုချင်ဘူး"
ငါဖြစ်စေချင်တာက အမနွေဦး ပြန်သတိရ‌လာပေးဖို့ပဲ။

"သတိကပြန်ရ‌လာတော့မှာပါ သံသာရယ်
အရမ်းလည်း စိတ်မပူပါနဲ့ နော် "

"ငါ့ကြောင့်  ငါကြောင့် အမနွေဦး ဒီလိုဖြစ်သွားရတာ
အမှတ်တကယ်တော့ ငါပဲ ဖြစ်သင့်တာ"

ငိုကြွေးကာ ဝမ်းနည်း‌နေတဲ့ မျက်ဝန်းတွေနဲ့ သံသာကိုမြင်ရသည်မှာ သူငယ်ချင်းနဲ့ မိဘတွေ အကုန် မည်သူမှစိတ်မချမ်းသာနိုင်။

"မဟုတ်တာ သမီးလေးရယ် အက်လိုအတွေး မတွေးပါနဲ့နော် သမီးလေးကြောင့် မဟုတ်ရပါဘူးကွယ်"

"မဟုတ်ဘူ အန်တီ သမီးကြောင့်
သမီးကြောင့် အမဒီလိုဖြစ်သွားရတာ..."
"ခုထိလည်း သတိရမလာသေးဘူး နှစ်ပါတ်လောက်ရှိနေပြီ ကို ပြန်သတိရလာသင့်တယ် မဟုတ်လား"

"ဟုတ်ပါပြီ သမီးရယ် ဒါပင်မယ့် နည်းနည်းဖြစ်ဖြစ်
စားလိုက်ပါအုန်းကွယ်နော်"
"ဒါမှ ‌အန်တီတို့လည်းစိတ်ချမ်းသာရမယ်"သူငယ်ချင်းတွေလည်း စိတ်ချမ်းသာရမယ်"
"နွေဦးလေးလည်း နိုးလာတဲ့အခါ စိတ်ချမ်းသာရမှာပေါ့""မဟုတ်ရင် သမီးလေး နွေဦးလည်း နိုးလာတဲ့ အခါကျ ဝမ်းနည်းရလိမ့်မယ်‌လေကွယ်"

Love at first sight ⚡❣️Where stories live. Discover now