သံသာ့မေမေ တစ်ယောက် ခြံထဲတွင် အပင်လေးများအား ရေလောင်းနေသည်။သံသာလည်း အခန်းအတွင်းသန့်ရှင်းရေး လုပ်လာပြီး အောက်သို့ဆင်းလာခဲ့သည်။
"မေမေ သမီး ဟိုဘက် ခနသွားအုန်းမယ်"
"ခုမှ မနက်၈ခွဲပဲရှိသေးတယ်လေ ဘယ်သွားမလို့လည်း သမီးက"
"ဟို အမနွေဦးမေ အိမ်ပါ
အမက ဖျားနေတာမို့လေ""အော် ဟုတ်လား အက်ဆိုလည်း သွားလေ သမီး
မေမေလည်း ခနနေ ဆိုင်ကိုသွားရတော့မယ်""ဟုတ်မေမေ အဲ့တာဆို သမီး ဆိုင်ကယ်ယူသွားလိုက်မယ်နော်"
"ဟုတ်ပါပြီ ဆိုင်ကယ်ဦးထုပ်ကောဆောင်းသွားအုန်းနော်"
"ဟုတ်ကဲ့ မေမေ"
.........
ဒီလိုနဲ့ သံသာလည်း နွေဦးမေအိမ်သို့ ဆိုင်ကယ်ဖြင့် သွားလိုက်သည်။"အော် သမီးသံသာပါလား
နွေဦး တစ်ယောက်တော့ အခန်းထဲမယ်ရှိတယ်ကွယ်
သွားလိုက်နော်""ဟုတ်ကဲ့ အန်တီ"
......နွေဦးမေ တံခါးခေါက်သံကြားသည်မို့ ဝင်လာခဲ့ဖို့ပြောလိုက်သည်။
"အော်ဟော် "မိုး"ပါလား
တစ်ယောက်ထဲလာတာလား လာထိုင်လေ""ဟုတ်ကဲ့ တစ်ယောက်ထဲပဲလာလိုက်တာ"
"ဘာလည်း တို့နေမကောင်းတာကို လာမေးတာလား "
"အင်းပေါ့ အမရဲ့ "
"ဟား ဟား ဟုတ်ပါပြီ တို့က သက်သာနေပါပြီ
ဖျားတာလည်း သုံးရက်လောက်ရှိပြီလေ
မနက်ဖြန်ဆို အရှင်းပျောက်လောက်ပြီ""ဒါပင်မယ့်လည်း ဂရုတော့စိုက်အုန်းပေါ့
ပေါ့ပေါ့မနေနဲ့ ထပ်ဖျားနေမှဖြင့်
ပြီးတော့ ရေကိုလည်း စောစောချိုး
စောစောဆိုလို့ မနက်အစောပြောတာမဟုတ်ဘူးနော်
မိုးအေးရင်ကိုချိုးမနေနဲ့ ကြားလား
ရေမချိုးလို့ သေတဲ့မသာမရှိပါဘူး
ဟုတ်တယ်မို့လား""ဟုတ်ပါပြီ သူကအကြီးလား ကိုယ်ကအကြီးလားတောင် မသဲကွဲတော့ဘူး ဆုံးမနေလိုက်တာများ😅"
"ဘာလည်း မကြိုက်ဘူးလား ညီမက စိတ်ပူလို့ပြောတာပါ"
စိတ်ပူလို့ ဆိုတဲ့ စကားကြောင့် နွေဦးရင်ထဲ နွေးခနဲဖြစ်သွားသည်။သူဝင်လာတဲ့အချိန်ထဲက ရင်တွေက ပုံမှန်ထက် ပိုခုန်နေသည်မှာ ယခုချိန်ထိပင်မပျောက်သေး။
YOU ARE READING
Love at first sight ⚡❣️
Romance~~မြင်မြင်ချင်းအချစ်ဆိုတာ တကယ်ရှိတယ်၊ စချစ်တက်သွားဖို့ စက္ကန့်အပိုင်းအခြားလေးနဲ့တင် လုံလောက်ပါတယ်~~ Take care of your health💫🙆❣️ ~~မြင်မြင်ချင်းအချစ်ဆိုတာ တကယ်ရှိတယ်၊ စချစ်တက်သွားဖို့ စက္ကန့်အပိုင်းအခြားလေးနဲ့တင် လုံလောက်ပါတယ်~~ Take care of your...