ဆေးရုံအတွင်းရှိ အရေးပေါ်အခန်းတစ်ခုထဲတွင် ကောင်မလေးတစ်ယောက် မေ့မျောလဲလျောင်းနေသည်။
ဆေးရုံမှ တာဝန်ရှိသူတစ်ယောက်က နွေဦးမေ ဖုန်းမှတစ်ဆင့် တခြားတစ်ဦးကို ဖုန်းဆက်ရသည်။
တီ တီ တီ တီ ...
"ဟဲလို"
"ဟဲလို ဟုတ် ဒီဖုန်းပိုင်ရှင်နဲ့ အသိမဟုတ်လား ရှင့်"
"ခွဲစိတ်မှု လုပ်မှာမို့ ***ဆေးရုံကိုအခုလာပေးနိုင်မလားရှင့်""ရှင်...ဘာဖြစ်သွားလို့လည်းဟင်
ဟုတ် အခုချက်ချင်း လာခဲ့ပါမယ်"ဆေးရုံမှ တစ်ယောက်ဆက်လိုက်သော ဖုန်းမှာ
"သံသာမိုး"ဆီ ခေါ်လိုက်ခြင်းဖြစ်သည်။သံသာမိုးလည်း ပြာပြာသလဲနှင့် အပြင်သို့ ကားနှင့် အလောတကြီး ထွက်ရသည်။ပြီးနောက် နွေဦးမေ အိမ်သို့သွားကာ လူကြီးများအား ခေါ်ရသည်။
ပြီးနောက် ဆေးရုံသို့ အလျင်မြန် မောင်းရသည်။ဆေးရုံရောက်သည်နှင့် သက်ဆိုင်သူမှ ခွဲစိတ်ဖို့အတွက် လက်မှတ်ထိုးပေးရသည်။
ထို့နောက် ခွဲစိတ်မှု ပြုလုပ်နေသည်ကို စောင့်နေရင်း
စိတ်တို့ အဆင်ပြေမနေကြ စိုးရိမ်မှုတို့ ဖုံးလွှမ်းနေကြသည်။အရာအားလုံး အဆင်ပြေဖို့ပဲ ဆုတောင်းနေကြသည်။အချိန်တစ်ခု ကြာပြီး အနောက်မှာ ခွဲစိတ်ခန်းထဲမှ ဆရာဝန်များ ထွက်လာသည်မို့ အလျင်အမြန်ပဲ ထကာ
မေးကြရသည်။"ဆရာ ဘယ်လိုဖြစ်ရတာလည်း ကျွန်မ သမီးလေး အဆင်ပြေရဲ့လားဟင်"
"ဟုတ်ကဲ့ ပြေတော့ပြေပါတယ် လူနာက
Alcohol သောက်ထားပုံပဲ၊ပြီးတော့ ညာလက် တစ်ဖက်ကျိုးသွားတယ်၊ပြီးတော့ ခေါင်းကို ပြင်းပြင်းထန်ထန် ထိခိုက်သွားတယ်။
အခြေအနေကတော့ စောင့်ကြည့်ရအုန်းမယ် ခင်ဗျ။သံသာလည်း စိတ်ထဲတွင် စိုးရိမ်စိတ်တို့ ပြည့်နက်နေသည်။သူမကြောင့်ဖြစ်သွားတယ် ဆိုပြီးတော့လည်း
စိတ်ထဲတွင် ထိမြင်နေသည်။သူမ အမှားလို့ စိတ်ထဲတွင်မှတ်ယူနေသည်။*ငါ ငါ့ ငါ့ကြောင့်များ ဖြစ်သွားတာလား
ငါငြင်းလိုက်လို့များ အမက ဒီလိုဖြစ်သွားရတာလား
အားလုံး ငါ့အမှားပါ ငါမှားခဲ့တာ
အချိန်ယူပြီး စဉ်းစားမယ်လို့ ပြောခဲ့သင့်တာ
ငါမှားသွားပြီ"
YOU ARE READING
Love at first sight ⚡❣️
Romance~~မြင်မြင်ချင်းအချစ်ဆိုတာ တကယ်ရှိတယ်၊ စချစ်တက်သွားဖို့ စက္ကန့်အပိုင်းအခြားလေးနဲ့တင် လုံလောက်ပါတယ်~~ Take care of your health💫🙆❣️ ~~မြင်မြင်ချင်းအချစ်ဆိုတာ တကယ်ရှိတယ်၊ စချစ်တက်သွားဖို့ စက္ကန့်အပိုင်းအခြားလေးနဲ့တင် လုံလောက်ပါတယ်~~ Take care of your...