Ep12

220 16 0
                                    





နွေဦးမေမေလည်း နွေဦးအတွက် ကြက်သားဆန်ပြုတ်လေး ပြုတ်နေသည်။‌ခနအကြာ၌ ရပြီမို့ ပန်းကန်ထဲသေချာထည့်ကာ သမီးရှိရာ အခန်းသို့ သယ်သွားလိုက်သည်။

"ကဲ သမီးထအုန်း နည်းနည်းမတ်လိုက်အုန်း
ဆန်ပြုတ်လေး သောက်ရအောင်"

"ဟုတ်ကဲ့မေမေ"

နွေဦးမေမေလည်း ဇွန်းထဲ၌ခပ်ထားသည့် ဆန်ပြုတ်ကို ‌မှုတ်ကာဖြင့်  နွေဦးကို ဖြည်းဖြည်းချင်း ဆန်ပြုတ်‌တိုက်နေသည်။
.....
နန်းမေနဲ့လဲ့လဲ့တို့လည်း နွေဦး မပါတော့ ပို၍အလုပ်ရှုပ်နေကြသည်။ဆိုင်ကိုအစောပိတ်မည်ဟု ဆုံးဖြတ်လိုက်ကြသည်။

ဝေယံနဲ့ရွှန်းလဲ့တို့ သံသာဆီ ညနေမှ သွားမည်ဟု ဆုံးဖြတ်ထားသော်လည်း မနက်၁၁လောက်ထဲက
သံသာအိမ်မှာ ရှိနေကြခြင်း။

"သံသာ မုန့်စားရင်း TVကြည့်ရတာ ပျင်းလာပြီ
အပြင်သွားရအောင်လေ"

"အင်း နည်းနည်း ပျင်းလာသလိုပဲ"

ရွှန်းလဲ့လည်း ဝေယံမပြောသည်ကိုထောက်ခံသည့်အလား ဝင်ပြောသည်။

"အင်းပါ နင်တို့ပျင်းနေပြီဆိုရင်လည်း အပြင်သွားကြတာပေါ့၊ ဒါနဲ့ ဘယ်သွားမလည်း"

"ဟိုအမတို့ ကော်ဖီဆိုင်သွားမယ်လေ
စကားပြောရတာ ပျော်စရာကောင်းတယ် ဟီး"

"အက်မလေး ရွှန်းလဲ့မ မသိတာခက်လို့"

"ဟုတ်ပ့အေ အမနန်းနေနဲ့ ပိုပြီး စကားပြောချင်တာများ"

"ဟွန့် အက်တော့ ဘာဖြစ်သလဲအေ
ငါ့ကို မနာလိုဖြစ်နေကြတာလား"

"အံ့ဩဘ"အဲ့ဩဘ"

သံသာနဲ့ ဝေယံကျော် နှစ်ယောက်အသံပြိုင်တူထွက်လာခြင်းဖြစ်သည်။

"အက်မလေး နှစ်ယောက်သား အသံပြိုင်တူတောင်
ထွက်လာလိုက်သေး"

"ကဲထားပါ သွာကြမယ်လေ"
....
ကားလေးတစ်စီးဟာ နာရီဆိုင်နားက ကော်ဖီဆိုင်လေးတစ်ဆိုင်သို့ ဦးတည်ကာ တစ်ရွေ့ရွေ့နဲ့ သွားနေသည်။

"ဟဲ့ ဟဲ့ ရွှန်းလဲ့မ ကားရပ်တော့လေ
မီးနီနေတယ်အေ့"

"ဟီး ဟုတ်သားပဲ စောတီးး"

Love at first sight ⚡❣️Where stories live. Discover now