Ep6

264 21 0
                                    

"နွေဦး နင်သိပြီးပြီးလား"

နွေဦးမေ၏ အခန်းထဲတွင် သူငယ်ချင်း‌သုံးယောက်ဆုံပြီး
စကားပြောနေကြခြင်းဖြစ်သည်။

"ဘာကိုလည်း  ငါက ဘာကိုသိရမှာလည်း"

"အော် နင်နဲ့uniနောက တွဲခဲ့တဲ့ တစ်ယောက်လေ "

"အင်း သူက ဘာဖြစ်လို့လည် "

"သူ စင်ကာပူကိုကျောင်းသွားတက်သေးတယ်လေ
အက်တာ အခု သူပြန်လာပြီ"

"အော် နန်းမေရယ် ကျောင်းပြီးလို့ပြန်လာတာနေမှာပေါ့"

"ကျောင်းပြီးလို့ ပြန်လာတာတော့ ဟုတ်တယ်"
ဒါပင်မယ့်…. ဒါပင်မယ့်"

"လုပ်ပြန်နောက်တစ်ယောက် ဟူးးးး။
လဲ့လဲ့ ရယ် ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ"
ပေါင်းလာတာလည်း ကြာလှပြီကို"

"အေးပါဟာ  ငါတို့နှစ်ယောက် သူ့သူငယ်ချင်းဆီက သတင်းကြားထားတယ် သူက နင့်ကိုလိုက်မို့တဲ့"

"ဘာ ဘယ်လို  အရမ်းရီရတာပဲ ဟားဟားးး။"
ငါကိုလွယ်လွယ်လေးနဲ့ပြန်ရမယ်များ ထင်နေတယ်ပေါ့ သူက"
"အေးလေ ငါအရင်လို မဟုတ်တော့ဘူးဆိုတာ သူမှ မသိသေးဘဲ"ထားလိုက်စမ်းပါဟာ ခေါက်ထားလိုက်သူကို"

"အေးပါဟာ သတိတော့ ထားအုန်း သူကနင်သိတဲ့ အတိုင်းပဲ"

"‌အင်းပါ စိတ်ချ"

>>>>>>>>>>>>>>>>>
မကြာခင် သီတင်းကျွတ်အခါသမရ အချိန်ကိုရောက်ရှိတော့မှာဖြစ်ပါတယ်။သီတင်းကျွတ်လသည် မြန်မာလထဲတွင် သတ္တမလဖြစ်လေသည်။မိုးရာသီလည်းကုန်လုပြီဖြစ်သည်။ပလ္လင်ဆေးမိုးလောက်သာရွာသည်။  ခုချိန်ထဲက ကလေးများလည်း ဗြောက်များဖောက်၍ ပျော်မြူးကာ ဆော့ကစားနေကြပြီဖြစ်သည်။

နွေဦးနှင့်သံသာ နှစ်‌ယောက်ထဲမုန့်သွားစားဖို့ချိန်ထားခြင်းကြောင့်  နွေဦး စောစောစီးစီးနိုးနေသည်။မနေ့ညက massengerထဲတွင် နွေဦးက ပြောထားခြင်းဖြစ်သည်။
ညထဲက ကလိကလိဖြစ်နေတဲ့ စိတ်တို့ကြောင့် မနက်ခင်း၌လည်း
အစောနိုးလာခြင်းဖြစ်သည်။‌မျက်နှာသစ် ရေမ်ုးချိုး အဝတ်စားလဲကာ အောင်သို့ဆင်းလာလိုက်သည်။

Love at first sight ⚡❣️Where stories live. Discover now