Ep7

242 22 0
                                    

"ဟာ တီလေး ဘယ်နောက ရောက်တာလည်း အကြောင်းမကြားဘာမကြားနဲ့"

အပေါ်ထပ်မှ ခုမှမျက်နှာသစ်ပြီး ဆင်းလာသည့် တူမက မေးလာသည်မို့ ပြုံးကာ နှုတ်ဆက်လိုက်သည်။

"ဟုတ်တယ်ငါ့တူမရဲ့"
"ကျောက်ပန်းတောင်းက ဩဇာသီးတွေလည်း ပါလာတယ်"
"ငါ့တူမ အကြိုက်မို့လား"

"ဟီး အက်တာကြောင့် တီလေးကိုချစ်တာ"

"ကဲပါ ချွဲ‌မနေပါနဲ့"

"ဒါနဲ့ ဒီကို မလာတာကြာပြီနော် တီလေး"
ခုက ဘာလုပ်ဖို့လာတာလည်း"

"ဘာမှမလုပ်ပါဘူး  ဒီတိုင်းအလည်လာတာ
ဩဇာသီးလည်းပေးရင်း"

"ဟုတ်ကဲ့ ဒါနဲ့ ဒီမှာ အိပ်မှာလား ဘယ်နရက်နေမှာလည်း တီလေး"

"မအိပ်တော့ပါဘူးကွယ် ဟိုမယ်က အလုပ်တွေရှိသေးတယ်မို့"

"မေမေ တီလေးကိုပြောပေး ညအိပ်ဖို့"
"ဖေဖေ ကောပြောပေး တီလေးကို ဒီမှာ ညအိပ်ခိုင်းဖို့"

"ကဲ သမီးရယ် အရမ်းမချွဲပါနဲ့ သမီးတီလေးက မအားတာလည်းသိရက်နဲ့"

"ဟုတ်ပါတယ်ကွယ် သမီးရဲ့တီလေး အားတဲ့နေ့မှ ခေါ်ထားနော်"

"ဟာ မေမေနဲ့ဖေဖေကလည်း ပြောပေးဖို့ ပြောခိုင်းပါတယ်ဆို
ဟွန့်"

"ကဲပါ တီလေးနောက်တစ်ခေါက်လာမှ အိပ်မယ် ဟုတ်ပြီလား"

"တကယ်နော် တီလေး "

"တကယ်ပေါ့ကွယ်"
"ကဲအက်တာဆို ပြန်လိုက်တော့မယ် သွားစရာနေရာလေးတွေရှိနေသေးလို့ "

"အင်းပါအင်းပါ"

"ဟုတ်ကဲ့ ဖြေးဖြေးသွားပါ နောက်တစ်ခါလာရင် အိပ်ရမှာနော်
ဒါပဲ"

"ဟုတ်ပါပြီ သွားပြီနော်အက်တာဆို"
>>>

2:00PM

"ဖေဖေကောမေမေ"

"ဆိုင်ဘက် သွားတယ် သမီး"

"ဟုတ်ကဲ့ မေမေ"

"မေမေ သမီး သံသာ တို့အိမ်သွားလိုက်အုန်းမယ်ဩဇာသီးလည်းပေးရင်း "
"တီလေးက အများကြီးပေးခဲ့တာဆိုတော့လေ ဟီးဟီး"

"ကဲ ဟုတ်ပါပြီ"
"မေမေ့ကို မိတ်ဆက်ပေးဖို့မမေ့နဲ့အုန်းနော်"

Love at first sight ⚡❣️Where stories live. Discover now