// 10 //

592 76 34
                                    

တိုက်ခန်းပြန်ရောက်ကတည်းကသူ့မှာ ဖုန်းကိုတကြည့်ကြည့်နဲ့...အချိန်ပြည့်စာတိုတွေပို့ပေးနေပြီးရေချိုးတာကအစ ကျောင်းသွားတာကအဆုံးအမြဲပေးပို့နေသောသူစီက စာတိုလေးတစ်စောင်တစ်လေးမျှမလာတော့လည်း သူ့ခဗျာ တစ်ခုခုလိုအပ်နေသလိုမျိုးဖြစ်နေခဲ့ပါသည်။

ညအိပ်ချိန်လေးမှာပင်ဖုန်းကို အိပ်ရာလေးပေါ်သူ့ဘေးနားထားအိပ်ခဲ့မိပါသေးသည်။သူသာဖုန်းစောင့်နေရင်း အိပ်ပျော်လို့သွားသည်။တစ်ဖက်လူစီမှ စာတိုလေးလည်းမလာသလို..ဖုန်းခေါ်ဆိုလာခြင်းလည်းမရှိခဲ့ပါ။ထိုနေ့မနက်ကသူ့ရဲ့ရှင်သန်မှုသည် သူ့ဘဝရဲ့အခက်ခဲဆုံးနေ့ရက်များထဲက တစ်ခုဖြစ်နေပါလိမ့်မည်။စိတ်မကြည်လင်စွာနိုးထလာခဲ့ပြီး ရေချိုးမနက်စာစား၊ပြီးတော့ ကျောင်းသွားဖို့ အခန်းပြင်ထွက်လာသည့်အခါ..

အခန်းပေါက်မှာ သူ့ကိုရပ်စောင့်နေသော ဟိုကောင်လေး..တနည်းအားဖြင့်မနေ့ကသူ့ကိုနာမည်ပြောပြခဲ့သော တရုတ်စပ်ကလေး ကျန်းရီရှင်း...

" Ge ! "

သူ့ကိုတွေ့တာနဲ့ ပြုံးပြလာတဲ့ကောင်ငယ်လေးက ပါးချိုင့်လေးခွက်ဝင်နေလို့..အင်း မဆိုးပါဘူး။သူ့ရဲ့တစ်နေ့တာက နည်းနည်းတော့ အဆင်ပြေသွားသလိုမျိုး..

" သွားမယ်လေ ! "

" ဟုတ် Ge ! "

သူတို့အတူ ဓာတ်လှေကားအတူစီးတယ်..ဘတ်စ်ကားအတူစီးတယ်..ပြီးတော့ ကျောင်းအတူသွားတယ်။ကျန်းရီရှင်းရဲ့ အထက်တန်းကျောင်းက သူတို့တက္ကသိုလ်ရဲ့ သုံးပြစာလောက်အကွာအဝေးတစ်ခုမှာ တည်ရှိသည်။အတူသွားရာလမ်းတစ်လျှောက်နှစ်ယောက်လုံးက တိတ်တိတ်ဆိတ်ဆိတ်ပဲ..သူတို့နှစ်ဦးစလုံးကနားအေးပြီးအေးဆေးနေချင်သည့်စိတ်ကလည်း တူနေပြန်သေးသည်။သူ့ဘေးက ကောင်ငယ်လေးကိုတစ်ချက်ကြည့်ပြီးသူနဲ့အတူကျောင်းသွားရာလမ်းတစ်လျှောက် သူ့ကိုတိုးဝေ့တွယ်ကပ်လို့နေပြီး မမောနိုင်မပန်းနိုင် စကားပြောနိုင်တဲ့သူကို သတိရမိလို့သွားသေးသည်။ပတ်ချန်းယောလ် မင်းအခုဘာတွေလုပ်နေလဲ...

" Ge အပြန်ကျလည်း ကျွန်တော်စောင့်နေမယ် ! "

" မင်း အချိန်ပိုမတက်ဘူးလား ! "

နွေဦးချစ်ခြင်း 🌼 { Completed }Where stories live. Discover now