အရာရာဟာမှားယွင်းမှုတွေနဲ့
ဒီလိုနဲ့ပဲ ကျွန်တော်က ကိုကို့ကို
သိပ်ချစ်မိတယ်..။ကိုကိုကသူ့ကိုပြန်ခါနီးအချိန်ထိ တဖွဖွမှာတယ်၊ဆုံးမတယ်၊သူက ကိုကို့ရဲ့မျက်ဝန်းကြည်တောက်တောက်လေးကိုငေးကြည့်တယ်၊စကားပြောလိုက်တဲ့လှုပ်ရှားသွားတဲ့ အသဲပုံနှုတ်ခမ်းပါးလေးကို ငေးကြည့်ခဲ့တယ်။
ကျောင်းပြန်တက်ဖို့၊စာမေးပွဲနီးနေပြီမို့ ကျောင်းမှာပြသာနာမရှာဖို့၊ရန်မဖြစ်ဖို့၊ပါးပါးစကားကိုနားထောင်ဖို့၊တစ်ခုခုဆို အိမ်တော်ထိန်းဦးလေးကိုပြောဖို့၊ဆေးလိပ်တွေခိုးမသောက်ဖို့၊ဆိုဂျူတွေအများမသောက်နဲ့ ကိုကိုမကြိုက်ဘူးတဲ့လေ..အင်း လို့သူပြောမိရုံမှတစ်ပါး။
ပြန်ခါနီးအချိန်မှာ သူနဲ့ကိုကို
တစ်ယောက်နဲ့တစ်ယောက်ရစ်သိုင်းလို့ဖက်ထားမိတယ်၊ဘာလို့နောက်ဆုံးထွေးပွေ့မှုလို့ ထင်နေခဲ့ရတာလဲ သူကလေ..သူကမျက်ရည်ဝဲမိတဲ့အခါကိုကိုကပြောတယ်၊ချန်း ယောကျ်ားဆိုတာမငိုရဘူးတဲ့လေ..ယောကျ်ားတစ်ယောက်ကလည်းအသဲနှလုံးနဲ့လူပါပဲ၊သူပင်ပန်းနေချိန်၊ဝမ်းနည်းနေချိန် ငိုကြွေးဖို့အကြောင်းပြချက်မလိုဘူးလေကိုကိုရယ်၊သို့ပေမယ့် ချန်းငိုတာ ကိုကိုမမြင်ချင်ဘူးတဲ့လေ..ရပါပြီ ဒီလောက်ဆို အင်းလို့ပြောပြီးဆို့တက်လာတဲ့မျက်ရည်တွေကိုသိမ်းထားလိုက်တယ်။ချန်းက လိမ္မာတယ်တဲ့..ဟင့်အင်း ကျွန်တော်ကဆိုးတယ် ကိုကိုရှိမှဖြစ်မှာလို့သူ့စိတ်ထဲအကြိမ်တစ်ရာမကပြောပြနေမိတယ်။လေယာဥ်ကွင်းအထိသူလိုက်ပို့မယ်ပြောတော့ ဟင့်အင်း၊လိုက်မပို့နဲ့တဲ့ ချန်းကိုအလိုကြီးအနေအထားနဲ့မထားချင်ခဲ့ဘူးတဲ့လေ..သို့ပေမယ့် သူ့ကိုကျောခိုင်းထွက်သွားတဲ့ကျောပြင်ငယ်နဲ့ ပတ်အိမ်တော်ကနေထွက်သွားတဲ့ကားလေးကိုမျက်စိတစ်ဆုံးငေးကြည့်ခဲ့ရတဲ့သူကရော အဆင်ပြေရဲ့လားလို့ ကိုကိုကတစ်ခါမှ မတွေးမိဘူးလားဟင်။
ကိုကိုပါတဲ့ကားလေးက ပတ်အိမ်တော်ရဲ့ခြံဝန်းတံခါးအဆုံး၊တံခါးမကြီးပိတ်ချသွားတာနဲ့သူကအခန်းထဲ ပြိုလဲလို့ငိုကြွေးရတာပါပဲ။တစ်နေကုန် တစ်ညလုံးငိုကြွေးခဲ့ပြီးနောက် ဒီတစ်ကြိမ်ကိုကိုနဲ့ခွဲခွာရခြင်းကသူ့အတွက်သူတို့အတွက်နောက်ဆုံးပါပဲလို့ သူအားတင်းထားပြီးနေ့ရက်တွေအကောင်းဆုံးဖြတ်ကျော်တယ်၊ရှေ့ဆက်တယ်။ကျောင်းပြန်တက်တယ်၊ရန်မဖြစ်တော့ဘူး၊ပြသာနာမရှာတော့ဘူး၊ဆေးလိပ်လည်းမသောက်တော့သလို ဆိုဂျူလည်းမသောက်တော့ဘူး ဒါပေမယ့်ထိုအရာတွေအစား ကိုကို့နှုတ်ခမ်းပါးလေးတွေကိုနမ်းနေခွင့်ရခဲ့ရင် သိပ်ကောင်းမှာပဲ ကိုကိုရယ်။
YOU ARE READING
နွေဦးချစ်ခြင်း 🌼 { Completed }
Romantikနွေဦးလေပြည်နဲ့အတူရောက်ရှိလာတဲ့ ကိုကိုတို့ချစ်ခြင်းတရားတွေက နွေဦးရွက်ကြွေလေးတွေလိုပါပဲ...